စား/မစား
စား/မစား ............(unicode) ခုရေးတဲ့ topic က sensitive ဖြစ်စရာ ကောင်းမယ်။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့သူ၊ စိတ်တိုလွယ် စိတ်လှုပ်ရှားလွယ်သူတွေ၊ အစွန်းရောက်တွေ ဖတ်ဖို့ မသင့်ဘူးထင်တယ်။ အမှန်တော့ ကျနော် မြင်တာကိုပဲ ရေးတာပါ။ ကျနော့်ရဲ့ တွေးတောမှုခပ်တုံးတုံးလည်း ဖြစ်ပါတယ်။ ဘဝင်မကျတာ တစ်ခုကို ပေါလစ်ထုတ်သုတ်တာလည်း ဖြစ်ပါတယ်။ လူတွေအမျိုးမျိုး ရှိကြပါတယ်။ မြတ်စွာဘုရား လက်ထက်ကနေ ခုချိန်ထိပေါ့။ အသားငါး အစုံစားသူ သတ်သတ်လွတ်စားသူ(အသားငါး လုံးဝမစားသူ) ခြေလေးချောင်း ရှောင်သူ (ခြေလေးချောင်းသတ္တဝါတွေကိုမစား၊ ခြေနှစ်ချောင်း၊ခြေမပါ သတ္တဝါ၊ ပင်လယ်စာတွေကို စားသူ) ခြေနှစ်ချောင်း ရှောင်သူ (ဒါကတော့ နည်းမယ်ထင်တယ်) ခြေလေးချောင်းရှောင်တာလည်း မဟုတ်ပဲ ကန့်သတ်အသားကိုမှ မစားတာ (ဥပမာ - ဝက်သား၊ ဆိတ်သား၊ အမဲသား စသည်၊ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။) အဲ့ဒီလို လူတွေအစားစား ရှိခဲ့ကြတယ်။ မြတ်စွာဘုရားကတော့ ဘယ်အသားရှောင်ပါမပြောခဲ့ဘူးပေါ့။ ဆွမ်းခံရင်း အလျဉ်းသင့် အဆင်ပြေသလို ဘုဉ်းပေးခဲ့တယ်။ ဆိုတော့... အသားငါး အစုံစားတဲ့သူ ထားပါတော့။ အိုကေ၊ ပြဿနာမရှိပါဘူး။ သိပ္ပံသဘောအရလည်း အာဟာရဓာတ် vitamin တွေ အစုံရအောင် စားသင့်တယ...