Posts

Sapiosexual

နှစ်တွေ ကြာသွားပြန်ပြီ။ ဒီလိုနဲ့ အသက်ကြီးသွားတော့မလားမသိ။ ဒီနှစ်တွေမှာ စိတ်ထဲ လေးလံတာနဲ့ မပျော်ရွှင်တာနဲ့ပဲ ဖုံးလွှမ်းနေတယ်။ ရေးဖူးတဲ့ကဗျာထဲကလို ပျော်ရွှင်မှုဆိုတာ ဘာအရောင်လဲလို့ မေးရမလိုပါပဲ။ ပြီးတော့ ခုထိ အဖြေ ထင်ထင်ရှားရှား မရပြန်ဘူး။ ရက်တွေသာ တရက်ပြီးတရက် ကုန်သွားပေမယ့် ဘာမှ မပြီးမြောက်လိုက်သလိုပဲ ခံစားရတဲ့နေ့တွေ ညည်းတွားတာ မဟုတ်ချင်ပေမယ့် ဒီအကြောင်းပဲ ခေါင်းထဲ ရောက်နေတော့တာ။ ဒီရက်ပိုင်းမှာ နားထဲ ပြန်ကြားနေတာက Vance Joy ရဲ့ Riptide သီချင်းပဲ။ အဟောင်းတွေသာ အကောင်းဆုံးဆိုတဲ့ စကား ရှိခဲ့တော့  အဲဒါမှန်ကြောင်း ထောက်ခံရမလိုပဲ။ ရေးရင်း ခပ်မဲ့မဲ့ ပြုံးမိပြန်ပြီ။ ကိုယ့်ကိုယ်ကို ချဉ်နေတဲ့ အာလူးတစ်လုံးလို ခံစားရတယ်။ ဒါမှမဟုတ်ရင် အရောင်တွေပြောင်းနေတဲ့ တိမ်၊ သစ်ပင်နဲ့ခပ်လှမ်းလှမ်းမှာ ကျနေတဲ့ အနာအဆာနဲ့သစ်သီးတစ်လုံး။ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ခံစားမှုကလွဲရင် ကျန်တာ ဘာမှ အဓိပ္ပါယ်မရှိဘူးထင်ရတယ်။ တစ်ခုခုကိုတော့ ကျနော်တို့ ခံစားနေကြရတာပဲ။ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ကောင်းတာ၊ ဆိုးတာ၊ သတိရတာ၊ လွမ်းတာ။ စိတ္တဇနာမ်တွေလေ၊ ပြီးတော့ ဒါတွေကပဲ ကျနော်တို့ဘဝကို ပိုအဓိပ္ပါယ်ရှိလာအောင် လုပ်ပေးတယ်။ ခံစ...

စား/မစား

 စား/မစား ............(unicode) ခုရေးတဲ့ topic က sensitive ဖြစ်စရာ ကောင်းမယ်။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့သူ၊ စိတ်တိုလွယ် စိတ်လှုပ်ရှားလွယ်သူတွေ၊ အစွန်းရောက်တွေ ဖတ်ဖို့ မသင့်ဘူးထင်တယ်။ အမှန်တော့ ကျနော် မြင်တာကိုပဲ ရေးတာပါ။ ကျနော့်ရဲ့ တွေးတောမှုခပ်တုံးတုံးလည်း ဖြစ်ပါတယ်။ ဘဝင်မကျတာ တစ်ခုကို ပေါလစ်ထုတ်သုတ်တာလည်း ဖြစ်ပါတယ်။ လူတွေအမျိုးမျိုး ရှိကြပါတယ်။ မြတ်စွာဘုရား လက်ထက်ကနေ ခုချိန်ထိပေါ့။ အသားငါး အစုံစားသူ သတ်သတ်လွတ်စားသူ(အသားငါး လုံးဝမစားသူ)  ခြေလေးချောင်း ရှောင်သူ (ခြေလေးချောင်းသတ္တဝါတွေကိုမစား၊ ခြေနှစ်ချောင်း၊ခြေမပါ သတ္တဝါ၊ ပင်လယ်စာတွေကို စားသူ) ခြေနှစ်ချောင်း ရှောင်သူ (ဒါကတော့ နည်းမယ်ထင်တယ်) ခြေလေးချောင်းရှောင်တာလည်း မဟုတ်ပဲ ကန့်သတ်အသားကိုမှ မစားတာ (ဥပမာ - ဝက်သား၊ ဆိတ်သား၊ အမဲသား စသည်၊ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။) အဲ့ဒီလို လူတွေအစားစား ရှိခဲ့ကြတယ်။ မြတ်စွာဘုရားကတော့ ဘယ်အသားရှောင်ပါမပြောခဲ့ဘူးပေါ့။ ဆွမ်းခံရင်း အလျဉ်းသင့် အဆင်ပြေသလို ဘုဉ်းပေးခဲ့တယ်။ ဆိုတော့... အသားငါး အစုံစားတဲ့သူ ထားပါတော့။ အိုကေ၊ ပြဿနာမရှိပါဘူး။ သိပ္ပံသဘောအရလည်း အာဟာရဓာတ် vitamin တွေ အစုံရအောင် စားသင့်တယ...

M (အမ်)

M (အမ်) ... တစ်စစီပွင့်လာတဲ့ ကြေကွဲခြင်းတွေဟာ မနက်ဖြန်မနက်ထိ မစောင့်ဆိုင်းနိုင်လောက်အောင် အိုမင်းရင့်ရော်လာတယ်...။  (နရီမင်းထက်) ဘယ်အရာက ဘဝကို ဟန်ချက်မျှအောင် လုပ်ပေးပါလိမ့်။ ဘဝဟာ မျှခြေတစ်ခုပေါပဲ။ Balance! အကောင်းရှိရင် အဆိုးရှိတယ်။ ယင် ရှိရင် ယန် ရှိတယ်။ အဖြူ ရှိရင် အမည်း ရှိတယ်။ ချစ်တတ်သူများ ပြီးတော့ မုန်းတတ်သူများ။ အရာရာက ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ ဘဝက ရပ်တည်လည်ပတ်နေတာမျိုးပဲလား။ ဟန်ချက်ညီအောင် မျှခြေညီအောင် ကြိုးစားရတာကတော့ မလွယ်ဘူးလို့ ထင်တယ်။ ဥပမာ - တစ်ယောက်ယောက်ကို အလွန်အကျွံ မချစ်မိအောင် ကြိုးစားရတာ ပြီးတော့ အဲ့ဒီတစ်ယောက်ယောက်ကိုပဲ ဥပေက္ခာမပြုမိအောင် ထိန်းထားရတာ။ ကိုရီးယားရုပ်ရှင်ထဲမှာဆို ချစ်ရက်နဲ့လမ်းခွဲပေးလိုက်ရတာမျိုး ဖြစ်မယ်။ ကောင်မလေးရှေ့မှာ ရယ်မောစကားပြောနေပြီး ကွယ်ရာမှ အရက်ဆိုင်တစ်ဆိုင်မှာ မူးပြီးကြေကွဲလိုက်ရတာမျိုးဖြစ်မယ်။ ဒါမှမဟုတ် La La Land ထဲကလိုဆိုရင်တေ့ာ တစ်ချက်စောင်းငဲ့ကြည့်ပြီး ကြည်ဖြူပြုံး ပြုံးပေးလိုက်ရတာ။ တစ်ချို့လူတွေအတွက်တော့ ကံဇာတ်ဆရာက တစ်ဖက်သတ် ဆန်နေတာမျိုး ဖြစ်နေမလား။ ဘဝက အထီးကျန်တယ်။ အထီးကျန်တယ်လို့ ပြောရင် တချို့က တစ်ယောက်ထဲ ရှိတာကို ပြောတယ်...

The devil all the time (2020)

Image
 The devil all the time (Unicode) ၁။ ရုပ်ရှင် အညွှန်း မဟုတ်ပါ။ ၂။ Spoiler ပါသောကြောင့် မကြည့်ရသေးသူများ ဖတ်ရန် မသင့်ပါ။ ၃။ ဘာသာရေး sensitive ဖြစ်သူများ မဖတ်သင့်ပါ။ The devil all the time က ဇာတ်ကား မထွက်ခင် Trailer ထွက်ကတည်းက ကြည့်ဖို့စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ၊ အထူးသဖြင့် လူတိုင်း ပြောနေကျ Robert Pattinson နဲ့ Tom Holland တို့ကြောင့် ပြီးတော့ သူ့ရဲ့ Trailer theme ကြောင့်ရောပေါ့။ ခုချိန်လောက်ဆို တော်တော်များများလည်း ကြည့်ပြီးကြမယ် ထင်ပါတယ်။ ဒီရက်ပိုင်းကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ သဘောအကျဆုံးလို့တောင် ပြောရမယ်ထင်တယ်။ ဇာတ်လမ်းအမျိုးအစားက Mystery Crime Thriller ဖြစ်မယ်။ တကယ်လည်း ကြည့်မိတဲ့အခါ Robert Pattinson ရော Tom Holland ရော တခြား cast တွေရော အကုန်လုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ကောင်းမွန်နေခဲ့တယ်။ မူရင်းစာရေးဆရာ Pollock ရဲ့ နောက်ခံစကားပြောတာကလည်း ကောင်းတယ်။ ပြီးတော့ နောက်ခံတေးဂီတ အထူးသဖြင့် ဇာတ်လမ်းအဆုံးမှာ။ ထူးခြားတာကတော့ လူမည်းသရုပ်ဆောင် ဟုတ်တိပတ်တိ မပါဘူး။ ဇာတ်လမ်းကိုတော့ အထူးအထွေ သိပ်မပြောချင်တော့ဘူး။ တွေးမိတာက… တစ်ခါတစ်လေကျ ကျွန်တော်တို့တစ်တွေဟာ လူတစ်ယောက်ကို မြင်ရုံ...