The devil all the time (2020)

 The devil all the time

(Unicode)


၁။ ရုပ်ရှင် အညွှန်း မဟုတ်ပါ။

၂။ Spoiler ပါသောကြောင့် မကြည့်ရသေးသူများ ဖတ်ရန် မသင့်ပါ။

၃။ ဘာသာရေး sensitive ဖြစ်သူများ မဖတ်သင့်ပါ။


The devil all the time က ဇာတ်ကား မထွက်ခင် Trailer ထွက်ကတည်းက ကြည့်ဖို့စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ၊ အထူးသဖြင့် လူတိုင်း ပြောနေကျ Robert Pattinson နဲ့ Tom Holland တို့ကြောင့် ပြီးတော့ သူ့ရဲ့ Trailer theme ကြောင့်ရောပေါ့။ ခုချိန်လောက်ဆို တော်တော်များများလည်း ကြည့်ပြီးကြမယ် ထင်ပါတယ်။

ဒီရက်ပိုင်းကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ သဘောအကျဆုံးလို့တောင် ပြောရမယ်ထင်တယ်။

ဇာတ်လမ်းအမျိုးအစားက Mystery Crime Thriller ဖြစ်မယ်။ တကယ်လည်း ကြည့်မိတဲ့အခါ Robert Pattinson ရော Tom Holland ရော တခြား cast တွေရော အကုန်လုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ကောင်းမွန်နေခဲ့တယ်။ မူရင်းစာရေးဆရာ Pollock ရဲ့ နောက်ခံစကားပြောတာကလည်း ကောင်းတယ်။ ပြီးတော့ နောက်ခံတေးဂီတ အထူးသဖြင့် ဇာတ်လမ်းအဆုံးမှာ။ ထူးခြားတာကတော့ လူမည်းသရုပ်ဆောင် ဟုတ်တိပတ်တိ မပါဘူး။

ဇာတ်လမ်းကိုတော့ အထူးအထွေ သိပ်မပြောချင်တော့ဘူး။ တွေးမိတာက…

တစ်ခါတစ်လေကျ ကျွန်တော်တို့တစ်တွေဟာ လူတစ်ယောက်ကို မြင်ရုံနဲ့ လွယ်လွယ်ကူကူပဲ Judgement လုပ်တတ်ကြတယ်။ လုပ်မိကြတယ်။

သူကတော့ အချိုးမပြေဘူး။ ရုပ်က ပမာမခန့် နိုင်တယ် ဆိုတာမျိုး။

ဒီလူကတော့ မြင်တာနဲ့ ကြည်ညိုချင်စရာ၊ ဝတ်ပုံစားပုံကလည်း တင့်တယ်လိုက်တာ ဆိုတာမျိုးပေါ့။

မြင်နေရတဲ့ ခဏလေးအတွင်းမှာပဲ ကျွန်တော်တို့ကိုယ်တိုင်က Rating တွေ သတ်မှတ်လိုက်ကြတာ။

ပြီးတော့ ကိုယ်သဘောကျမိတဲ့သူကို သူက ဘာမှမတောင်းဆိုခင် ကိုယ်က အရင် ပေးဆပ်လိုက်ချင်ကြတော့တာ။ ဖြစ်ဖူးကြပါသလား။

လူတစ်ယောက်ကို အပြင်ပန်း ကြည့်ရုံနဲ့ လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ရလို့လား။ မရပါဘူး။ အဲ့ဒါကြောင့်ပဲ စာအုပ်အဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို ဖြတ်မရဘူးဆိုတဲ့ စကားပုံ ပေါ်လာတာပေါ့။

ဒါပေမယ့် ကျွန်တော်တို့ ကျင်လည်နေရတဲ့ ခေတ်ဟာ ဟန်ဆောင်မှုတွေ အပေါ်ယံဆက်ဆံမှုတွေနဲ့ Hypocrite တွေ ပေါများနေတုန်းပါပဲ။

ဇာတ်လမ်းထဲမှာ Arvin (Tom Holland) ဟာ ဘဝမှာ နာကျင်စရာတွေနဲ့ မွေးလာရတဲ့ကောင်လေးတစ်ယောက်။

သူ့အဖေ (Willard) ဟာ ဗီယက်နမ်စစ်ပြန်တစ်ယောက်၊ တိုက်ပွဲအတွင်းမှာ မသေမရှင်ဖြစ်နေရတဲ့ ရဲဘော်တစ်ဦးကို အဆုံးစီရင်ကူညီပေးခဲ့သူ ပြီးတော့ စစ်အနိဌာရုံတွေလွှမ်းမိုးနာကျင်ခဲ့ရသူ။

Willard က စစ်ပြန်တစ်ယောက်ဆိုတော့ သူ့မှာက An eye for an eye ဆိုတဲ့ ကလဲ့စားချေတတ်မှုမျိုး ရှိတယ်။ အဲ့ဒါကိုလည်း သူက သူ့သား အာဗင်ကို သင်ပေးခဲ့တယ်။ ဒါပေမယ့် ခပ်မိုက်မိုက်တုံ့ပြန်တတ်တဲ့ Willard တောင်မှ ဘာသာရေးကို လွန်ဆန်လို့မရခဲ့ဘူး။ သူ့ဇနီးမှာ ကင်ဆာဖြစ်တဲ့အခါ အိမ်အနောက်က လက်ဝါးကပ်တိုင်ရှေ့မှာ အပြင်းအထန်ဆုတောင်းနေခဲ့ရတာ။ ဆုတောင်းတာအပြင် သူူ ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ သူ့ဇနီးအမြန်သက်သာစေဖို့နဲ့ သူ့သားလေး အာဗင်ရဲ့ ကစားဖော် ခွေးလေးကိုတောင် Sacrifice လုပ်ခဲ့ပေမဲ့ ဘာမှမထူးခဲ့ပါဘူး။ အာဗင်ရဲ့အမေ ဆုံးသွားတဲ့အခါ Willard ဟာလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။

Arvin တစ်ယောက်တည်း မိဘမဲ့ ဖြစ်ကျန်ရစ်ခဲ့တယ်။ ဒါတွေက Arvin ကို ဘာသာရေးနဲ့ ပတ်သက်လာရင် အယုံအကြည်မဲ့စေတယ်။ ဆန့်ကျင်တာမျိုး မလုပ်ရင်တောင် အပြင်းအထန် ယုံကြည်မှုမျိုးတွေနဲ့ သူ ဝေးဝေးနေတယ်။ ဒါပေမဲ့ Arvin က ဘာသာရေး မကိုင်းရှိုင်းရင်တောင် လူဆိုးတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။

ဆိုတော့ ဘာသာရေး ကိုင်းရှိုင်းမှလား

ဘာသာရေး မကိုင်းရှိုင်းရင်ရော လူကောင်း မဟုတ်တော့ဘူးလား။

လူတစ်ယောက်ဟာ ဂျစ်ကန်ကန် ဖြစ်နေရင် ဒီကောင် လူဆိုးပဲ လို့ သတ်မှတ်ရတာ လွယ်တယ်။

သူ ဖြတ်သန်း နာကျင်ခဲ့ရတာတွေကိုရော ဘယ်သူက သိနိုင်မှာလဲ။

ဘုရားစာတွေကို အချိန်ပြည့် ရွတ်နေတာတွေကရော လူကောင်း ဖြစ်ပြီတဲ့လား။

၂၁ရာစု ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှုာ စည်းမျဉ်းတွေကို ဘယ်သူတွေက သတ်မှတ်ကြပါလိမ့်။

ဘုရားစာတွေ ဒိုးဒိုးဒေါက်ဒေါက် ဆိုနိုင်တာက ကောင်းတာလား

Preacher (for example from film) တစ်ယောက်ဆိုတာနဲ့ပဲ ကောင်းရောလား

ဘာသာရေးသင်တန်းတွေ တက်ထားတိုင်းရော ကောင်းရဲ့လား။

Hypocrite တွေကတော့ နေရာတိုင်းမှာ ရှိနေတုန်းပါပဲ။

ဘာသာရေးသင်တန်းမှာ လူအချင်းချင်း သည်းခံရမယ်လို့ တဖွဖွ သင်ကြားပေးနေတဲ့ ဆရာမကြီးဟာ သူ့ကားရပ်ရမယ့်နေရာမှာ တခြားကားရပ်ထားလို့ စိတ်ဆိုးတယ်တဲ့လား။

ဘုရားစာတွေ နေ့တိုင်း share နေပေမယ့် အတ္တကြီးတဲ့သူတွေက အများသား။

ကျွန်တော်ကတော့ တကယ့်အစစ်အမှန် တရားဓမ္မဟာ မိမိရဲ့ခံယူမှုနဲ့ ရင်ဘတ်ထဲမှာပဲ ရှိတယ်လို့ ထင်တယ်။

ဘယ်အရာက အမှန် ဘယ်အရာက အမှားနဲ့ လူသားပီသဖို့ပေါ့။

The devil all the time ထဲမှာ Arvin ပြသွားခဲ့တဲ့အရာဟာ လူသားဆန်မှုပါပဲ။

နာကျင်စရာတွေနဲ့ ရှင်သန်လာရပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်။

ရန်ကိုရန်ချင်း တုံ့ပြန်တတ်ပြီး ဆိုးဝါးတဲ့ လောကအလယ်မှာ ခပ်မာမာ နေတတ်ခဲ့တဲ့ကောင်လေး။

သူ တန်ဖိုးထားရတဲ့သူအပေါ်မှာ နိုင်လိုမင်းထက် စီးနင်းမှုတွေ ရှိလာတဲ့အခါ သူ နားလည်သလို ပြန်တုံ့ပြန်ခဲ့တာ။ သူ့အဖေ အမွေပေးခဲ့တဲ့ ဟစ်တလာကို သတ်ခဲ့တယ်လို့ ပြောဖူးတဲ့ လူဂါသေနတ်တစ်လက်နဲ့ပေါ့။

Arvin က အားလုံး မှန်တယ်လို့ ပြောလို့မရပေမဲ့ သူ ဖြတ်သန်းလာခဲ့ရတဲ့လောကမှာတော့ သူ့အတွက် အခြားဖြေရှင်းစရာ နည်းလမ်း လည်း မရှိခဲ့ဘူးလေ။

တစ်လက်စတည်းမှာ မှားယွင်းသော အလွန်အကျွံ ယုံကြည်မှုတွေဟာ လူကို ပျက်စီးခြင်းသို့ ပို့ဆောင်တတ်ကြောင်းကိုလည်း Lenora တို့တစ်မိသားစုလုံးက ပြသသွားခဲ့တာ။

ဘာသာရေးကိုင်းရှိုင်းတဲ့ Helen ဟာ သူ့အမျိုးသား သင်းအုပ်ဆရာ Roy ရဲ့လက်ချက်နဲ့ သေရတယ်။

သင်းအုပ်ဆရာ Roy ကိုယ်တိုင်ကလည်း သူ့အစွန်းအရောက် လွန်ကဲယုံကြည်မှုအတွက် သူပြစ်ဒဏ်ပြန်ခံရတာပါပဲ။

သနားစရာအကောင်းဆုံးကတော့ သူတို့ရဲ့သမီး မိဘမဲ့ Lenora လေး။ သူ့အတွက်တော့ ယုံကြည်အားထားစရာ အစစ်အမှန်မရှိခဲ့ဘူး။ 

ဒီတော့ ဘာသာရေးတွေက မှားယွင်းနေတယ်လို့ ပြောရမှာလား။ ဟင့်အင်း။

ဘာသာရေးတွေ အားလုံးက စင်ကြယ်တယ်လို့ ထင်တယ်။

မစင်ကြယ် မသန့်ရှင်းတာက အဲ့ဒါကို အသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်နေကြတဲ့ ကြောင်သူတော် အယောင်ဆောင်တွေပါပဲ။ 

စစ်မှန်သော သန့်ရှင်းမွန်မြတ်မှုတွေဟာ စာထက်အက္ခရာ ဆိုတာထက် တဖွဖွ ရွတ်ဆိုနေတာမျိုး ဆိုတာထက်

စိတ်နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ အမြဲတည်ရှိနေတတ်ဖို့ လိုအပ်တာ။

ဇာတ်ကားနာမည် The devil all the time ဆိုတာကိုက မကောင်းဆိုးဝါး Devil ဆိုတာဟာ အပြင်လောကက လာတာမဟုတ်ပဲ ကျွန်တော်တို့ရဲ့ အလွန်အကျွံ ဖြစ်မှု၊ တစ်ဖက်စောင်းနင်း အစွန်းရောက် လွန်ကဲမှုတွေ၊

စိတ်အတွင်းပိုင်း အမှောင်ဘက်ခြမ်းမှာ အမြဲရှိနေတတ်တဲ့ မကောင်းမှုတွေပေ့ါ။

ဇာတ်လမ်းအဆုံးမှာ Arvin ဟာ သူ့လုပ်စရာရှိတာတွေ လုပ်ပြီး (သူ့အနေနဲ့ မကောင်းတဲ့လူတွေကို အပြစ်ပေးခဲ့ပြီး၊ အမှန်တရားအတွက် စီရင်ခဲ့ပြီးတော့) ကားကြုံတစ်စီးနဲ့ လိုက်ပါလာခဲ့တယ်။ သူဟာ အရမ်းပင်ပန်းနေခဲ့တယ်။ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီမို့ သူ အားရပါးရ သမ်းဝေလိုက်တယ်။ သမ်းဝေတာနဲ့အတူ သူ့ရဲ့အတိတ်ကိစ္စတွေအားလုံးဟာ ပြီးဆုံးသွားသလိုမျိုးပါပဲ။ ပြီးတော့ အနာဂတ်မှာ သူ ဘာဆက်လုပ်ရမလဲဆိုတာကို နိုးတဝက် အိပ်တဝက်နဲ့ စဉ်းစားနေမိရင်းပေါ့။ ဟစ်ပီတစ်ယောက်နဲ့ Arvin တို့ လိုက်ပါလာတဲ့ ဗင်ကားလေးတစ်စီးဟာ လမ်းမထက်မှာ တရွေ့ရွေ့သွားနေပါတော့တယ်။   ။


#NYMH

1042020



The devil all the time

 (zawgyi)

၁။ ရုပ္ရွင္ အညႊန္း မဟုတ္ပါ။

၂။ Spoiler ပါေသာေၾကာင့္ မၾကည့္ရေသးသူမ်ား ဖတ္ရန္ မသင့္ပါ။

၃။ ဘာသာေရး sensitive ျဖစ္သူမ်ား မဖတ္သင့္ပါ။

 

          The devil all the time က ဇာတ္ကား မထြက္ခင္ Trailer ထြက္ကတည္းက ၾကည့္ဖို႕စိတ္၀င္စားစရာ ေကာင္းေနခဲ့တာ၊ အထူးသျဖင့္ လူတိုင္း ေျပာေနက် Robert Pattinson နဲ႕ Tom Holland တို႕ေၾကာင့္ ၿပီးေတာ့ သူ႕ရဲ႕ Trailer theme ေၾကာင့္ေရာေပါ့။ ခုခ်ိန္ေလာက္ဆို ေတာ္ေတာ္မ်ားမ်ားလည္း ၾကည့္ၿပီးၾကမယ္ ထင္ပါတယ္။

          ဒီရက္ပုိင္းၾကည့္ျဖစ္ခဲ့တဲ့ ဇာတ္ကားေတြထဲမွာ သေဘာအက်ဆံုးလို႕ေတာင္ ေျပာရမယ္ထင္တယ္။

ဇာတ္လမ္းအမ်ိဳးအစားက Mystery Crime Thriller ျဖစ္မယ္။ တကယ္လည္း ၾကည့္မိတဲ့အခါ Robert Pattinson ေရာ Tom Holland ေရာ တျခား cast ေတြေရာ အကုန္လံုးက သူ႕ေနရာနဲ႕သူ အံ၀င္ခြင္က် ေကာင္းမြန္ေနခဲ့တယ္။ မူရင္းစာေရးဆရာ Pollock ရဲ႕ ေနာက္ခံစကားေျပာတာကလည္း ေကာင္းတယ္။ ၿပီးေတာ့ ေနာက္ခံေတးဂီတ အထူးသျဖင့္ ဇာတ္လမ္းအဆံုးမွာ။ ထူးျခားတာကေတာ့ လူမည္းသရုပ္ေဆာင္ ဟုတ္တိပတ္တိ မပါဘူး။

          ဇာတ္လမ္းကိုေတာ့ အထူးအေထြ သိပ္မေျပာခ်င္ေတာ့ဘူး။ ေတြးမိတာက

တစ္ခါတစ္ေလက် ကၽြန္ေတာ္တို႕တစ္ေတြဟာ လူတစ္ေယာက္ကို ျမင္ရုံနဲ႕ လြယ္လြယ္ကူကူပဲ Judgement လုပ္တတ္ၾကတယ္။ လုပ္မိၾကတယ္။

သူကေတာ့ အခ်ိဳးမေျပဘူး။ ရုပ္က ပမာမခန္႕ ႏိုင္တယ္ ဆုိတာမ်ိဳး။

ဒီလူကေတာ့ ျမင္တာနဲ႕ ၾကည္ညိဳခ်င္စရာ၊ ၀တ္ပံုစားပံုကလည္း တင့္တယ္လိုက္တာ ဆိုတာမ်ိဳးေပါ့။

ျမင္ေနရတဲ့ ခဏေလးအတြင္းမွာပဲ ကၽြန္ေတာ္တို႕ကိုယ္တိုင္က Rating ေတြ သတ္မွတ္လိုက္ၾကတာ။

ၿပီးေတာ့ ကိုယ္သေဘာက်မိတဲ့သူကို သူက ဘာမွမေတာင္းဆိုခင္ ကိုယ္က အရင္ ေပးဆပ္လိုက္ခ်င္ၾကေတာ့တာ။ ျဖစ္ဖူးၾကပါသလား။

လူတစ္ေယာက္ကို အျပင္ပန္း ၾကည့္ရုံနဲ႕ လြယ္လြယ္ကူကူ ဆံုးျဖတ္လို႕ရလို႕လား။ မရပါဘူး။ အဲ့ဒါေၾကာင့္ပဲ စာအုပ္အဖံုးကို ၾကည့္ရုံနဲ႕ စာအုပ္တန္ဖိုးကို ျဖတ္မရဘူးဆိုတဲ့ စကားပံု ေပၚလာတာေပါ့။

ဒါေပမယ့္ ကၽြန္ေတာ္တို႕ က်င္လည္ေနရတဲ့ ေခတ္ဟာ ဟန္ေဆာင္မႈေတြ အေပၚယံဆက္ဆံမႈေတြနဲ႕ Hypocrite ေတြ ေပါမ်ားေနတုန္းပါပဲ။

ဇာတ္လမ္းထဲမွာ Arvin (Tom Holland) ဟာ ဘ၀မွာ နာက်င္စရာေတြနဲ႕ ေမြးလာရတဲ့ေကာင္ေလးတစ္ေယာက္။

သူ႕အေဖ (Willard) ဟာ ဗီယက္နမ္စစ္ျပန္တစ္ေယာက္၊ တိုက္ပဲြအတြင္းမွာ မေသမရွင္ျဖစ္ေနရတဲ့ ရဲေဘာ္တစ္ဦးကို အဆံုးစီရင္ကူညီေပးခဲ့သူ ၿပီးေတာ့ စစ္အနိဌာရုံေတြလႊမ္းမုိးနာက်င္ခဲ့ရသူ။

Willard က စစ္ျပန္တစ္ေယာက္ဆိုေတာ့ သူ႕မွာက An eye for an eye ဆိုတဲ့ ကလဲ့စားေခ်တတ္မႈမ်ိဳး ရွိတယ္။ အဲ့ဒါကိုလည္း သူက သူ႕သား အာဗင္ကို သင္ေပးခဲ့တယ္။ ဒါေပမယ့္ ခပ္မိုက္မိုက္တံု႕ျပန္တတ္တဲ့ Willard ေတာင္မွ ဘာသာေရးကို လြန္ဆန္လို႕မရခဲ့ဘူး။ သူ႕ဇနီးမွာ ကင္ဆာျဖစ္တဲ့အခါ အိမ္အေနာက္က လက္၀ါးကပ္တိုင္ေရွ႕မွာ အျပင္းအထန္ဆုေတာင္းေနခဲ့ရတာ။ ဆုေတာင္းတာအျပင္ သူူ ဘာမွ မတတ္ႏိုင္ခဲ့ဘူးေလ။ သူ႕ဇနီးအျမန္သက္သာေစဖို႕နဲ႕ သူ႕သားေလး အာဗင္ရဲ႕ ကစားေဖာ္ ေခြးေလးကိုေတာင္ Sacrifice လုပ္ခဲ့ေပမဲ့ ဘာမွမထူးခဲ့ပါဘူး။ အာဗင္ရဲ႕အေမ ဆံုးသြားတဲ့အခါ Willard ဟာလည္း သူ႕ကိုယ္သူ သတ္ေသသြားခဲ့တယ္။

Arvin တစ္ေယာက္တည္း မိဘမဲ့ ျဖစ္က်န္ရစ္ခဲ့တယ္။ ဒါေတြက Arvin ကို ဘာသာေရးနဲ႕ ပတ္သက္လာရင္ အယံုအၾကည္မဲ့ေစတယ္။ ဆန္႕က်င္တာမ်ိဳး မလုပ္ရင္ေတာင္ အျပင္းအထန္ ယံုၾကည္မႈမ်ိဳးေတြနဲ႕ သူ ေ၀းေ၀းေနတယ္။ ဒါေပမဲ့ Arvin က ဘာသာေရး မကိုင္းရႈိင္းရင္ေတာင္ လူဆိုးတစ္ေယာက္ေတာ့ မဟုတ္ခဲ့ဘူး။

ဆိုေတာ့ ဘာသာေရး ကိုင္းရိႈင္းမွလား

ဘာသာေရး မကိုင္းရိႈင္းရင္ေရာ လူေကာင္း မဟုတ္ေတာ့ဘူးလား။

လူတစ္ေယာက္ဟာ ဂ်စ္ကန္ကန္ ျဖစ္ေနရင္ ဒီေကာင္ လူဆိုးပဲ လို႕ သတ္မွတ္ရတာ လြယ္တယ္။

သူ ျဖတ္သန္း နာက်င္ခဲ့ရတာေတြကိုေရာ ဘယ္သူက သိႏိုင္မွာလဲ။

ဘုရားစာေတြကို အခ်ိန္ျပည့္ ရြတ္ေနတာေတြကေရာ လူေကာင္း ျဖစ္ၿပီတဲ့လား။

၂၁ရာစု ယဥ္ေက်းတဲ့ လူ႕အဖြဲ႕အစည္းမွုာ စည္းမ်ဥ္းေတြကို ဘယ္သူေတြက သတ္မွတ္ၾကပါလိမ့္။

ဘုရားစာေတြ ဒိုးဒိုးေဒါက္ေဒါက္ ဆိုႏိုင္တာက ေကာင္းတာလား

Preacher (for example from film) တစ္ေယာက္ဆိုတာနဲ႕ပဲ ေကာင္းေရာလား

ဘာသာေရးသင္တန္းေတြ တက္ထားတုိင္းေရာ ေကာင္းရဲ႕လား။

Hypocrite ေတြကေတာ့ ေနရာတိုင္းမွာ ရွိေနတုန္းပါပဲ။

ဘာသာေရးသင္တန္းမွာ လူအခ်င္းခ်င္း သည္းခံရမယ္လို႕ တဖြဖြ သင္ၾကားေပးေနတဲ့ ဆရာမႀကီးဟာ သူ႕ကားရပ္ရမယ့္ေနရာမွာ တျခားကားရပ္ထားလို႕ စိတ္ဆိုးတယ္တဲ့လား။

ဘုရားစာေတြ ေန႕တိုင္း share ေနေပမယ့္ အတၱႀကီးတဲ့သူေတြက အမ်ားသား။

ကၽြန္ေတာ္ကေတာ့ တကယ့္အစစ္အမွန္ တရားဓမၼဟာ မိမိရဲ႕ခံယူမႈနဲ႕ ရင္ဘတ္ထဲမွာပဲ ရွိတယ္လို႕ ထင္တယ္။

ဘယ္အရာက အမွန္ ဘယ္အရာက အမွားနဲ႕ လူသားပီသဖို႕ေပါ့။

The devil all the time ထဲမွာ Arvin ျပသြားခဲ့တဲ့အရာဟာ လူသားဆန္မႈပါပဲ။

နာက်င္စရာေတြနဲ႕ ရွင္သန္လာရၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္။

ရန္ကိုရန္ခ်င္း တံု႕ျပန္တတ္ၿပီး ဆိုး၀ါးတဲ့ ေလာကအလယ္မွာ ခပ္မာမာ ေနတတ္ခဲ့တဲ့ေကာင္ေလး။

သူ တန္ဖိုးထားရတဲ့သူအေပၚမွာ ႏိုင္လုိမင္းထက္ စီးနင္းမႈေတြ ရွိလာတဲ့အခါ သူ နားလည္သလို ျပန္တံု႕ျပန္ခဲ့တာ။ သူ႕အေဖ အေမြေပးခဲ့တဲ့ ဟစ္တလာကို သတ္ခဲ့တယ္လို႕ ေျပာဖူးတဲ့ လူဂါေသနတ္တစ္လက္နဲ႕ေပါ့။

Arvin က အားလံုး မွန္တယ္လို႕ ေျပာလို႕မရေပမဲ့ သူ ျဖတ္သန္းလာခဲ့ရတဲ့ေလာကမွာေတာ့ သူ႕အတြက္ အျခားေျဖရွင္းစရာ နည္းလမ္း လည္း မရွိခဲ့ဘူးေလ။

တစ္လက္စတည္းမွာ မွားယြင္းေသာ အလြန္အကၽြံ ယံုၾကည္မႈေတြဟာ လူကို ပ်က္စီးျခင္းသို႕ ပို႕ေဆာင္တတ္ေၾကာင္းကိုလည္း Lenora တို႕တစ္မိသားစုလံုးက ျပသသြားခဲ့တာ။

ဘာသာေရးကိုင္းရႈိင္းတဲ့ Helen ဟာ သူ႕အမ်ိဳးသား သင္းအုပ္ဆရာ Roy ရဲ႕လက္ခ်က္နဲ႕ ေသရတယ္။

သင္းအုပ္ဆရာ Roy ကိုယ္တိုင္ကလည္း သူ႕အစြန္းအေရာက္ လြန္ကဲယံုၾကည္မႈအတြက္ သူျပစ္ဒဏ္ျပန္ခံရတာပါပဲ။

သနားစရာအေကာင္းဆံုးကေတာ့ သူတို႕ရဲ႕သမီး မိဘမဲ့ Lenora ေလး။ သူ႕အတြက္ေတာ့ ယံုၾကည္အားထားစရာ အစစ္အမွန္မရွိခဲ့ဘူး။

ဒီေတာ့ ဘာသာေရးေတြက မွားယြင္းေနတယ္လို႕ ေျပာရမွာလား။ ဟင့္အင္း။

ဘာသာေရးေတြ အားလံုးက စင္ၾကယ္တယ္လို႕ ထင္တယ္။

မစင္ၾကယ္ မသန္႕ရွင္းတာက အဲ့ဒါကို အသံုးခ်ၿပီး ကိုယ္က်ိဳးအတြက္ လုပ္ေနၾကတဲ့ ေၾကာင္သူေတာ္ အေယာင္ေဆာင္ေတြပါပဲ။

စစ္မွန္ေသာ သန္႕ရွင္းမြန္ျမတ္မႈေတြဟာ စာထက္အကၡရာ ဆိုတာထက္ တဖြဖြ ရြတ္ဆိုေနတာမ်ိဳး ဆိုတာထက္

စိတ္ႏွလံုးသားရဲ႕ တစ္ေထာင့္တစ္ေနရာမွာ အျမဲတည္ရွိေနတတ္ဖို႕ လုိအပ္တာ။

ဇာတ္ကားနာမည္ The devil all the time ဆိုတာကိုက မေကာင္းဆုိး၀ါး Devil ဆိုတာဟာ အျပင္ေလာကက လာတာမဟုတ္ပဲ ကၽြန္ေတာ္တို႕ရဲ႕ အလြန္အကၽြံ ျဖစ္မႈ၊ တစ္ဖက္ေစာင္းနင္း အစြန္းေရာက္ လြန္ကဲမႈေတြ၊

စိတ္အတြင္းပိုင္း အေမွာင္ဘက္ျခမ္းမွာ အျမဲရွိေနတတ္တဲ့ မေကာင္းမႈေတြေပ့ါ။

ဇာတ္လမ္းအဆံုးမွာ Arvin ဟာ သူ႕လုပ္စရာရွိတာေတြ လုပ္ၿပီး (သူ႕အေနနဲ႕ မေကာင္းတဲ့လူေတြကို အျပစ္ေပးခဲ့ၿပီး၊ အမွန္တရားအတြက္ စီရင္ခဲ့ၿပီးေတာ့) ကားၾကံဳတစ္စီးနဲ႕ လိုက္ပါလာခဲ့တယ္။ သူဟာ အရမ္းပင္ပန္းေနခဲ့တယ္။ လုပ္စရာရွိတာေတြ လုပ္ခဲ့ၿပီးၿပီမို႕ သူ အားရပါးရ သမ္းေ၀လိုက္တယ္။ သမ္းေ၀တာနဲ႕အတူ သူ႕ရဲ႕အတိတ္ကိစၥေတြအားလံုးဟာ ၿပီးဆံုးသြားသလိုမ်ိဳးပါပဲ။ ၿပီးေတာ့ အနာဂတ္မွာ သူ ဘာဆက္လုပ္ရမလဲဆိုတာကို ႏိုးတ၀က္ အိပ္တ၀က္နဲ႕ စဥ္းစားေနမိရင္းေပါ့။ ဟစ္ပီတစ္ေယာက္နဲ႕ Arvin တို႕ လိုက္ပါလာတဲ့ ဗင္ကားေလးတစ္စီးဟာ လမ္းမထက္မွာ တေရြ႕ေရြ႕သြားေနပါေတာ့တယ္။  

 

#NYMH

1042020

 

 

 

Comments

Popular posts from this blog

Left Hand Man

ျမစ္ပ်ိဳမ - ၂

ကဗ်ာဆရာ