Replaced
Replaced
............(Unicode)
ပိုးတစ်ကောင်ကြောင့်
အနံ့မရတော့တာကမှ ကောင်းဦးမယ် ထင်တယ်
ခုတော့
မင့်ဆီက မချစ်တော့တဲ့ရနံ့ကို ကိုယ်ရတယ်၊
ဆုံစရာအ ကြောင်း မရှိတော့တာတောင်
မ ရောက် လာစေချင်သော အ တွေးများ
ကိုယ့်နှလုံးသားရေဒါက အလိုလိုဖမ်းယူမိနေတယ်၊
မင်းက စကားပြော ပါးနပ်တယ်
ခုချိန်ကိုယ် ပြန်တွေးမိတော့
တချိန်လုံး ကိုယ့်ကို အားနာနာနဲ့ လက်ခံပြောပေးနေရတာ
မင်းအတွက် ပင်ပန်းခဲ့မှာပဲ၊
ကဗျာတစ်ပုဒ်မှာ ဖတ်ဖူးခဲ့သလိုပဲ
***ကိုယ်ဟာ ချစ်မေတ္တာမှာရော
တကယ့်ရုပ်သွင်မှာရော ရုပ်ဆိုးတယ် ***
အဲ့ဒါကို မင်းက ကြည့်ကောင်းတယ် ပြောဖူးတော့
အဲ့ဒီစကားနဲ့ ခံတပ်လုပ်ပြီး လောကကို ရင်ဆိုင်နေခဲ့တယ်၊
ကိုယ်ဟာ ကျောရိုးမဲ့သတ္တဝါ
ပခုံးလေးကို မှီတွယ်နေလိုသူပါ
မင်းရဲ့ဝတ်စုံလေးကို အနားမရှိစေလိုခြင်းများနဲ့ ယက်လုပ်ထားရင်
၆ ပေမက ကိုယ်ခွာပြီး ဝေး နေ ပေးမှာပါ၊
ဒီကဗျာကိုရေးမိတော့
မင်းက ဗီလိန်ဖြစ်အောင် လုပ်ရေးပြန်ပြီ ပြောဦးမှာပဲ
ကဗျာဆရာဆိုတော့ ဖုန်းထဲမှာ မငိုပေမယ့်
ကဗျာထဲပဲ စကားလုံးတွေနဲ့ ကြေကွဲရတာပေါ့
ခွင့်လွှတ်ခြင်းဟာ မင်းနဲ့လိုက်တယ်
ပျော်ရွှင်မှုဟာ မင်းနဲ့လိုက်တယ်
ကြေကွဲရောင်သမ်းနေတဲ့ ကိုယ့်ကို ဒီတစ်ခုတော့
နားလည်ပေး။ ။
နရီမင်းထက်
၆.၁၀.၂၀၂၀
မှတ်ချက်။ ။ ***ဆရာကျော်မျိုး ကဗျာစာသားတချို့ကိုးကား။
Replaced
............(Zawgyi)
ပိုးတစ္ေကာင္ေၾကာင့္
အနံ႕မရေတာ့တာကမွ ေကာင္းဦးမယ္ ထင္တယ္
ခုေတာ့
မင့္ဆီက မခ်စ္ေတာ့တဲ့ရနံ႕ကို ကိုယ္ရတယ္၊
ဆံုစရာအ ေၾကာင္း မရွိေတာ့တာေတာင္
မ ေရာက္ လာေစခ်င္ေသာ အ ေတြးမ်ား
ကိုယ့္ႏွလံုးသားေရဒါက အလိုလိုဖမ္းယူမိေနတယ္၊
မင္းက စကားေျပာ ပါးနပ္တယ္
ခုခ်ိန္ကိုယ္ ျပန္ေတြးမိေတာ့
တခ်ိန္လံုး ကိုယ့္ကုိ အားနာနာနဲ႕ လက္ခံေျပာေပးေနရတာ
မင္းအတြက္ ပင္ပန္းခဲ့မွာပဲ၊
ကဗ်ာတစ္ပုဒ္မွာ ဖတ္ဖူးခဲ့သလိုပဲ
***ကိုယ္ဟာ ခ်စ္ေမတၱာမွာေရာ
တကယ့္ရုပ္သြင္မွာေရာ ရုပ္ဆိုးတယ္ ***
အဲ့ဒါကို မင္းက ၾကည့္ေကာင္းတယ္ ေျပာဖူးေတာ့
အဲ့ဒီစကားနဲ႕ ခံတပ္လုပ္ၿပီး ေလာကကို ရင္ဆိုင္ေနခဲ့တယ္၊
ကိုယ္ဟာ ေက်ာရိုးမဲ့သတၱ၀ါ
ပခံုးေလးကို မွီတြယ္ေနလိုသူပါ
မင္းရဲ႕၀တ္စံုေလးကို အနားမရွိေစလိုျခင္းမ်ားနဲ႕ ယက္လုပ္ထားရင္
၆ ေပမက ကိုယ္ခြာၿပီး ေ၀း ေန ေပးမွာပါ၊
ဒီကဗ်ာကိုေရးမိေတာ့
မင္းက ဗီလိန္ျဖစ္ေအာင္ လုပ္ေရးျပန္ၿပီ ေျပာဦးမွာပဲ
ကဗ်ာဆရာဆိုေတာ့ ဖုန္းထဲမွာ မငိုေပမယ့္
ကဗ်ာထဲပဲ စကားလံုးေတြနဲ႕ ေၾကကြဲရတာေပါ့
ခြင့္လႊတ္ျခင္းဟာ မင္းနဲ႕လိုက္တယ္
ေပ်ာ္ရႊင္မႈဟာ မင္းနဲ႕လုိက္တယ္
ေၾကကြဲေရာင္သမ္းေနတဲ့ ကိုယ့္ကို ဒီတစ္ခုေတာ့
နားလည္ေပး။ ။
နရီမင္းထက္
၆.၁၀.၂၀၂၀
မွတ္ခ်က္။ ။ ***ဆရာေက်ာ္မ်ိဳး ကဗ်ာစာသားတခ်ိဳ႕ကိုးကား။
Comments
Post a Comment