မြစ်ပျိုမ - ၂

မြစ်ပျိုမ - ၂


ခုချိန်ဆို မင်း ဘာလုပ်နေမလဲ တွေးနေမယ်
ဘောပင်ကို လက်ထဲလှည့်ရင်း စာရေးနေတယ်
ဆောင်းရာသီပေမယ့် ဒီမှာမအေး
အဲဒီမှာဆိုရင်တော့
မင်းကို နွေးနွေးထွေးထွေး ရှိစေချင်။

ဒီထက် ဆံပင်ရှည်လာရင်
ဒီထက် ပါးဖောင်းလာရင်
ဒီထက် ၀ လာရင်
မင်းရဲ့အ၀တ်တွေ တော်ပါဦးမလား စိုးရိမ်မိ
မပိုင်ဆိုင်ဖူးတဲ့သစ်ရွက်အတွက်
ငါ        ဇောကပ်မိပုံ။

သီချင်းအသစ်တွေ ငါ လိုအပ်နေပြီ၊
ခေါ်သံအသစ်တွေ ငါ လိုအပ်နေပြီ၊
အပြုံးအသစ်တွေ ငါ လိုအပ်နေပြီ၊
အမ်စတာဒမ်မှာ ကဗျာတစ်ပုဒ် ရွတ်ချင်ပြီး
ဘာလင်က နှင်းတွေကို အတူထိုင်ကြည့်ချင်တယ်။

ဒါတွေဟာ သူရူးအိပ်မက်မျှသာပါ
(ပြုံးမိတယ်)
တကယ်တော့
ငါ    ပြောချင်တဲ့   အမှာစကားတစ်ခုရှိ။

အဲ့ဒါက
မင်းရယ်
မင်းရဲ့သံယောဇဉ်ကြိုးစတစ်ဖက်ကို
ဆုပ်ကိုင်ထားသူရယ်...
တစ်ယောက်ကိုတစ်ယောက်      မလွှတ်ချကြဖို့။      ။


နရီမင်းထက်
၂၉၁၂၁၆ PM

Comments

Popular posts from this blog

Left Hand Man

ကဗျာဆရာ