Enabler
ပတ်ဝန်းကျင် တခုလုံး မှောင်မိုက်နေတာကို သတိထားမိလား
တစ်လောကလုံး တိတ်ဆိတ်နေတာကို
သတိထားမိလား
ဒီမှာ ဘယ်သူမှ မရှိတာကို
သတိထားမိလား
အခန်းထဲ ငါ တစ်ယောက်ထဲ အထီးကျန်နေတာ
သတိထားမိလား
ငါ နာကျင်စွာ တိတ်တဆိတ် အော်ဟစ်နေတာ
သတိထားမိလား
သတိထားမိလား
သတိထားမိလားကွာ
ငါ...သိတယ်။
မင်း ဘယ်တော့မှ သတိထားမိမှာ မဟုတ်ပါဘူး။
မရှိခဲ့။ မင်းက
မီးတွေရောင်စုံလင်းနေတဲ့တစ်နေရာမှာ
ဖုန်းကိုပွတ်ရင်း သူငယ်ချင်းတွေနဲ့
မုန့်စားရင်း စကားပြောရင်း
ရှိနေမယ်။
မင်း...
ဘယ် သတိထား မိပါ့မလဲ။
ခုတော့
ဘာမှမပြောလို
စာတိုတိုမှာ မေတ္တာတိုတိုနဲ့
ငါတို့ဘ၀ဟာ ပျော်ရွှင်မှုခပ်တိုတို။
အိပ်မရခဲ့
အေးစက်နာကျင်မှုတွေ
အပေါ်ရည်တင်းနေတဲ့ ဖန်ချိုမလေးရေ...
ငါဟာ
လွင့်နေတဲ့စွန်ပါ
ဘယ်အချိန်ကြိုးပြတ်ကျမလဲ မသိတော့။
နရီမင်းထက်
၂၈.၁.၁၇ ည။
ပတ်ဝန်းကျင် တခုလုံး မှောင်မိုက်နေတာကို သတိထားမိလား
တစ်လောကလုံး တိတ်ဆိတ်နေတာကို
သတိထားမိလား
ဒီမှာ ဘယ်သူမှ မရှိတာကို
သတိထားမိလား
အခန်းထဲ ငါ တစ်ယောက်ထဲ အထီးကျန်နေတာ
သတိထားမိလား
ငါ နာကျင်စွာ တိတ်တဆိတ် အော်ဟစ်နေတာ
သတိထားမိလား
သတိထားမိလား
သတိထားမိလားကွာ
ငါ...သိတယ်။
မင်း ဘယ်တော့မှ သတိထားမိမှာ မဟုတ်ပါဘူး။
မရှိခဲ့။ မင်းက
မီးတွေရောင်စုံလင်းနေတဲ့တစ်နေရာမှာ
ဖုန်းကိုပွတ်ရင်း သူငယ်ချင်းတွေနဲ့
မုန့်စားရင်း စကားပြောရင်း
ရှိနေမယ်။
မင်း...
ဘယ် သတိထား မိပါ့မလဲ။
ခုတော့
ဘာမှမပြောလို
စာတိုတိုမှာ မေတ္တာတိုတိုနဲ့
ငါတို့ဘ၀ဟာ ပျော်ရွှင်မှုခပ်တိုတို။
အိပ်မရခဲ့
အေးစက်နာကျင်မှုတွေ
အပေါ်ရည်တင်းနေတဲ့ ဖန်ချိုမလေးရေ...
ငါဟာ
လွင့်နေတဲ့စွန်ပါ
ဘယ်အချိန်ကြိုးပြတ်ကျမလဲ မသိတော့။
နရီမင်းထက်
၂၈.၁.၁၇ ည။
Comments
Post a Comment