အောင်ကျော်ချမ်းအေး
အောင်ကျော်ချမ်းအေး
-------------------------
တစ်ခါက လူတစ်ယောက် ရှိတယ်၊
သူ့နာမည် အောင်ကျော်ချမ်းအေး။
အောင်ကျော်ချမ်းအေးဟာ အသက်ရှည်တယ်၊
အသက်ရှည်ဆို သူက မန်းတောင်ရိပ်ကို ခိုထားတာကိုး၊
ကုန်းဘောင်နောက်ဆုံးမင်းဆက်တွေကို သူက မီခဲ့တယ်။
အဲဒီနောက်...
အောင်ကျော်ချမ်းအေးဟာ မင်းညီမင်းသားအ၀တ်အစားကနေ
ဘိုဆန်ချင်လာတယ်၊ ဘ၀မေ့လာတယ်။
အောင်ကျော်ချမ်းအေးဟာ ပါးရိုက်ခံခဲ့ရတယ်၊ စစ်သေနတ်ကိုင်ခဲ့တယ်။
အောင်ကျော်ချမ်းအေးကို အောင်ကျော်ချမ်းအေး
ပြန်ဖြစ်လာအောင် ငါတို့ တော်တော်ကြိုးစားယူခဲ့ရတယ်။
အောင်ကျော်ချမ်းအေးဟာ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးတယ်၊
သွေးစွန်းဖူးတယ်၊ နာကျင်ဖူးတယ်၊
တော်လှန်ဖူးတယ်၊ အမှန်တရားကို မြတ်နိုးဖူးတယ်၊
အဲဒီတုန်းက အောင်ကျော်ချမ်းအေးကို ငါတို့ဂုဏ်ယူခဲ့ကြတယ်။
အခုတော့
အောင်ကျော်ချမ်းအေးဟာ အရပ်ရှည်လာတယ်၊
အသားဖြူလာတယ်၊ မုတ်ဆိတ်ကလေးလည်း ထားချင်လာပြန်တယ်၊
အောင်ကျော်ချမ်းအေးဟာ မိခင်မြန်မာဘာသာစကားအပြင်
နိုင်ငံခြားဘာသာစကားတွေပါ ဟောင်ဖွာဟောင်ဖွာပြောတတ်လာတယ်။
မနက်ဆို အောင်ကျော်ချမ်းအေးဟာ ဆေးလိပ်လေးတဖွာဖွာနဲ့၊
နေ့လည်ဆို အောင်ကျော်ချမ်းအေးဟာ ကွမ်းတဗျစ်ဗျစ်နဲ့၊
ညနေဆို အောင်ကျော်ချမ်းအေးဟာ အရက်ကလေးတမြမြနဲ့၊
ထုံးစံအတိုင်း
အောင်ကျော်ချမ်းအေးဟာ ဘ၀မေ့ချင်သလိုလို ဖြစ်နေပြန်ပြီ။
မင်း ဘ၀မမေ့နဲ့ အောင်ကျော်ချမ်းအေး
မင်းကို မြန်မာမင်းဆက်တွေက မွေးဖွားပေးခဲ့တာ၊
မင်း ဘယ်နိုင်ငံသားမှ မလုပ်ချင်နဲ့၊
မင်းဟာ ထာဝရ မြန်မာနိုင်ငံသားပဲ၊
မင်း ရေသန့်ဘူးတွေ ဖောက်သောက်ပြီး ဘ၀င်မမြင့်နဲ့၊
ဧရာဝတီဟာ မင်းရင်ထဲ စီးဆင်းနေတာကို သတိရပါ။
မင်းကို ငါတို့ ချစ်ကြတယ်၊ မျှော်လင့်ကြတယ်၊
ငါတို့မျှော်လင့်ချက်တွေ ပျက်စီးမသွားရအောင်
မင်း ကျန်းမာရေး မင်းဂရုစိုက်ပါ အောင်ကျော်ချမ်းအေး။ ။
နရီမင်းထက်
မန္တလေးချစ်စိတ် မမ္တလေးပုံရိပ်မဂ္ဂဇင်း
၂၀၁၅။ ဇန်နဝါရီ။
-------------------------
တစ်ခါက လူတစ်ယောက် ရှိတယ်၊
သူ့နာမည် အောင်ကျော်ချမ်းအေး။
အောင်ကျော်ချမ်းအေးဟာ အသက်ရှည်တယ်၊
အသက်ရှည်ဆို သူက မန်းတောင်ရိပ်ကို ခိုထားတာကိုး၊
ကုန်းဘောင်နောက်ဆုံးမင်းဆက်တွေက
အဲဒီနောက်...
အောင်ကျော်ချမ်းအေးဟာ မင်းညီမင်းသားအ၀တ်အစားကနေ
ဘိုဆန်ချင်လာတယ်၊ ဘ၀မေ့လာတယ်။
အောင်ကျော်ချမ်းအေးဟာ ပါးရိုက်ခံခဲ့ရတယ်၊ စစ်သေနတ်ကိုင်ခဲ့တယ်။
အောင်ကျော်ချမ်းအေးကို အောင်ကျော်ချမ်းအေး
ပြန်ဖြစ်လာအောင် ငါတို့ တော်တော်ကြိုးစားယူခဲ့ရတယ်။
အောင်ကျော်ချမ်းအေးဟာ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးတယ်၊
သွေးစွန်းဖူးတယ်၊ နာကျင်ဖူးတယ်၊
တော်လှန်ဖူးတယ်၊ အမှန်တရားကို မြတ်နိုးဖူးတယ်၊
အဲဒီတုန်းက အောင်ကျော်ချမ်းအေးကို ငါတို့ဂုဏ်ယူခဲ့ကြတယ်။
အခုတော့
အောင်ကျော်ချမ်းအေးဟာ အရပ်ရှည်လာတယ်၊
အသားဖြူလာတယ်၊ မုတ်ဆိတ်ကလေးလည်း ထားချင်လာပြန်တယ်၊
အောင်ကျော်ချမ်းအေးဟာ မိခင်မြန်မာဘာသာစကားအပြင်
နိုင်ငံခြားဘာသာစကားတွေပါ ဟောင်ဖွာဟောင်ဖွာပြောတတ်လာတယ်။
မနက်ဆို အောင်ကျော်ချမ်းအေးဟာ ဆေးလိပ်လေးတဖွာဖွာနဲ့၊
နေ့လည်ဆို အောင်ကျော်ချမ်းအေးဟာ ကွမ်းတဗျစ်ဗျစ်နဲ့၊
ညနေဆို အောင်ကျော်ချမ်းအေးဟာ အရက်ကလေးတမြမြနဲ့၊
ထုံးစံအတိုင်း
အောင်ကျော်ချမ်းအေးဟာ ဘ၀မေ့ချင်သလိုလို ဖြစ်နေပြန်ပြီ။
မင်း ဘ၀မမေ့နဲ့ အောင်ကျော်ချမ်းအေး
မင်းကို မြန်မာမင်းဆက်တွေက မွေးဖွားပေးခဲ့တာ၊
မင်း ဘယ်နိုင်ငံသားမှ မလုပ်ချင်နဲ့၊
မင်းဟာ ထာဝရ မြန်မာနိုင်ငံသားပဲ၊
မင်း ရေသန့်ဘူးတွေ ဖောက်သောက်ပြီး ဘ၀င်မမြင့်နဲ့၊
ဧရာဝတီဟာ မင်းရင်ထဲ စီးဆင်းနေတာကို သတိရပါ။
မင်းကို ငါတို့ ချစ်ကြတယ်၊ မျှော်လင့်ကြတယ်၊
ငါတို့မျှော်လင့်ချက်တွေ ပျက်စီးမသွားရအောင်
မင်း ကျန်းမာရေး မင်းဂရုစိုက်ပါ အောင်ကျော်ချမ်းအေး။ ။
နရီမင်းထက်
မန္တလေးချစ်စိတ် မမ္တလေးပုံရိပ်မဂ္ဂဇင်း
၂၀၁၅။ ဇန်နဝါရီ။
Comments
Post a Comment