အဲဒီမြို့က မိန်းမ
အဲဒီမြို့က မိန်းမ
----------------
အဲဒီမြို့က မိန်းမဟာ
ကောင်းကင်ကို ထဘီလို ချုပ်ဝတ်ချင်သတဲ့၊
သူ့ထဘီမှာ တိမ်တွေနဲ့ အကွက်ဆင်မတဲ့။
အဲဒီမြို့က မိန်းမဟာ
သူမမှာလည်း နှလုံးသားအသစ်ကျပ်ချွတ်ရှိသတဲ့၊
နှစ် ၃၀ ဂရမ်ပေါက် စာချုပ်စာတမ်းလည်း ရှိသတဲ့၊
အခိုင်အမာ ဆိုတယ်။
အဲဒီမြို့က မိန်းမဟာ
မျက်နှာ ရွဲ့ပြတယ်၊ နှုတ်ခမ်း မဲ့ပြတယ်၊
သူကိုယ်တိုင် ရွဲ့ထွက်သွားတယ်။
အဲဒီမြို့က မိန်းမဟာ
နောဧသဘောင်္ကို စီးနင်းလိုက်ပါခွင့်လက်မှတ်ရှိသူ၊
ကောင်းကင်ဘုံရဲ့ အထူးဧည့်သည်တော်ပေါ့
(ဒါကြောင့်ပဲ သူ့သေတမ်းစာကို စိန်စီထား)။
အဲဒီမြို့က မိန်းမဟာ
အနုပညာကို စားသုံးရင်း တစ်ဖြည်းဖြည်း ပိန်လာတယ်၊
အနုပညာအာဟာရချို့တဲ့မှုလို့ပဲ ဆရာဝန်တွေ
ကောက်ချက်ချကြတယ်။
အဲဒီမြို့က မိန်းမဟာ
ဆေးလိပ်နဲ့အရက်ကို တောင်ပြုန်းနတ်တွေထက် ပိုသောက်တတ်သတဲ့။
အဲဒီမြို့က မိန်းမဟာ
ဖက်ဖူးရောင်အသည်းကွဲခြင်းကို အတွေ့အကြုံရှိသူ။
အဲဒီမြို့က မိန်းမဟာ
ငါ့ကို လှောင်တတ်ပြောင်တတ်ထေ့တတ်ငေါ့တတ်
ခြောက်တတ်၊ ခြိမ်းတတ်။
အဲဒီမြို့က မိန်းမဟာ
ပေါင်းတတ်၊ သင်းတတ်၊ လူရည်လည်တဲ့ ဖဲသမားအဆင့်ထက်
ပိုတယ်။
အဲဒီမြို့က မိန်းမဟာ
သံမဏိနဲ့ ယက်လုပ်ထားတဲ့ ၀တ်မှုန်ပွင့်။
အဲဒီမြို့က မိန်းမဟာ
မိုးဦးကျ မှိုပွင့်တွေလိုပဲ အရသာရှိတယ်၊
ပြီးတော့ အဆိပ်ရှိတယ်။
အဲဒီမြို့က မိန်းမဟာ
အမှောင်ရိပ်ထဲ ငိုကြွေးနေတဲ့ ကလေးငယ်လို
သနားစရာ သိပ်ကောင်းခဲ့၊
သူ့ဘ၀ဟာ နန်းပြဿ ဒ်ထဲ ချုပ်နှောင်ခံထားရတဲ့ မင်းသမီး။
အဲဒီမြို့က မိန်းမဟာ
သူ့ရဲ့စိတ်တစ်ခြမ်းက သိုးမွှေးစလေးလို နူးညံ့
ကချေသည်မလေးလို ချစ်ဖွယ်ရှိ၊
သူ့ရဲ့စိတ်တစ်ခြမ်းက မာရ်နတ်ရဲ့အဆက်အနွယ်၊
ကြာပွတ်သံ တရွှမ်းရွှမ်း။
ငါဟာ အဲဒီမြို့က မိန်းမနဲ့
ဆုံတွေ့ဖူးတယ်၊
စကားတွေ အများကြီး ပြောဖူးတယ်၊
အဲဒီမြို့က မိန်းမကို ငါ နှစ်သက်ခဲ့၊
သူမ ရှိုက်ကြီးတငင် ထွက်ပြေးသွားခဲ့
ငါ . . . . . ပျောက်ဆုံးခဲ့တယ်။ ။
နရီမင်းထက်
3.1.2015
----------------
အဲဒီမြို့က မိန်းမဟာ
ကောင်းကင်ကို ထဘီလို ချုပ်ဝတ်ချင်သတဲ့၊
သူ့ထဘီမှာ တိမ်တွေနဲ့ အကွက်ဆင်မတဲ့။
အဲဒီမြို့က မိန်းမဟာ
သူမမှာလည်း နှလုံးသားအသစ်ကျပ်ချွတ်ရှိသတဲ့၊
နှစ် ၃၀ ဂရမ်ပေါက် စာချုပ်စာတမ်းလည်း ရှိသတဲ့၊
အခိုင်အမာ ဆိုတယ်။
အဲဒီမြို့က မိန်းမဟာ
မျက်နှာ ရွဲ့ပြတယ်၊ နှုတ်ခမ်း မဲ့ပြတယ်၊
သူကိုယ်တိုင် ရွဲ့ထွက်သွားတယ်။
အဲဒီမြို့က မိန်းမဟာ
နောဧသဘောင်္ကို စီးနင်းလိုက်ပါခွင့်လက်မှတ်ရှိသူ၊
ကောင်းကင်ဘုံရဲ့ အထူးဧည့်သည်တော်ပေါ့
(ဒါကြောင့်ပဲ သူ့သေတမ်းစာကို စိန်စီထား)။
အဲဒီမြို့က မိန်းမဟာ
အနုပညာကို စားသုံးရင်း တစ်ဖြည်းဖြည်း ပိန်လာတယ်၊
အနုပညာအာဟာရချို့တဲ့မှုလို့ပဲ ဆရာဝန်တွေ
ကောက်ချက်ချကြတယ်။
အဲဒီမြို့က မိန်းမဟာ
ဆေးလိပ်နဲ့အရက်ကို တောင်ပြုန်းနတ်တွေထက် ပိုသောက်တတ်သတဲ့။
အဲဒီမြို့က မိန်းမဟာ
ဖက်ဖူးရောင်အသည်းကွဲခြင်းကို အတွေ့အကြုံရှိသူ။
အဲဒီမြို့က မိန်းမဟာ
ငါ့ကို လှောင်တတ်ပြောင်တတ်ထေ့တတ်ငေါ့တတ်
ခြောက်တတ်၊ ခြိမ်းတတ်။
အဲဒီမြို့က မိန်းမဟာ
ပေါင်းတတ်၊ သင်းတတ်၊ လူရည်လည်တဲ့ ဖဲသမားအဆင့်ထက်
ပိုတယ်။
အဲဒီမြို့က မိန်းမဟာ
သံမဏိနဲ့ ယက်လုပ်ထားတဲ့ ၀တ်မှုန်ပွင့်။
အဲဒီမြို့က မိန်းမဟာ
မိုးဦးကျ မှိုပွင့်တွေလိုပဲ အရသာရှိတယ်၊
ပြီးတော့ အဆိပ်ရှိတယ်။
အဲဒီမြို့က မိန်းမဟာ
အမှောင်ရိပ်ထဲ ငိုကြွေးနေတဲ့ ကလေးငယ်လို
သနားစရာ သိပ်ကောင်းခဲ့၊
သူ့ဘ၀ဟာ နန်းပြဿ ဒ်ထဲ ချုပ်နှောင်ခံထားရတဲ့ မင်းသမီး။
အဲဒီမြို့က မိန်းမဟာ
သူ့ရဲ့စိတ်တစ်ခြမ်းက သိုးမွှေးစလေးလို နူးညံ့
ကချေသည်မလေးလို ချစ်ဖွယ်ရှိ၊
သူ့ရဲ့စိတ်တစ်ခြမ်းက မာရ်နတ်ရဲ့အဆက်အနွယ်၊
ကြာပွတ်သံ တရွှမ်းရွှမ်း။
ငါဟာ အဲဒီမြို့က မိန်းမနဲ့
ဆုံတွေ့ဖူးတယ်၊
စကားတွေ အများကြီး ပြောဖူးတယ်၊
အဲဒီမြို့က မိန်းမကို ငါ နှစ်သက်ခဲ့၊
သူမ ရှိုက်ကြီးတငင် ထွက်ပြေးသွားခဲ့
ငါ . . . . . ပျောက်ဆုံးခဲ့တယ်။ ။
နရီမင်းထက်
3.1.2015
Comments
Post a Comment