Friday

Friday
-------

ဘယ်ဘက်လက်ကောက်ဝတ်က လှုပ်မရအောင် နာကျင်နေပြီး
ညာဘက်လက်မက ထုံကျင်ကိုက်ခဲနေတယ်၊
သွေးရဲရဲသံရဲရဲ ငါ့အာရုံတွေ
အနားမကပ်နဲ့ ရှေ့မှာ ငါ့စကားလုံးတွေ မင်းညှီတယ်ဆို
ရှေ့မတိုးနဲ့ အဲ့ဒီမှာ ငါ့အရေးအဖွဲ့တွေ မင်း နံတယ်ဆို
လက်မောင်းတစ်ခုလုံး လှုပ်မရအောင်
အစစ်အမှန်တရားဟာ ပျောက်ဆုံးနေတယ်
မဲ့ကာ ရွဲ့ကာ မင်း ရယ်မောတော့မယ်
မူးယစ်မှုဟာ ငါ့ရဲ့ဖြေဆေးပဲ
စကားမပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်မလား
လက်လုပ်လက်စား တစ်ဦးက လက်ခုပ်လက်ဝါးတီးပေးလိုက်တယ်
မိုးကရွာတယ် ... ရေက မပါဘူး ...
RIP.


နရီမင်းထက်
20 May 2016 PM

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ