မြစ်ပျိုမ - ၁
မြစ်ပျိုမ - (၁)
မင်းဟာ လက်ဝါးတစ်ဖက်တည်းတီးပြီး
လက်ခုပ်သံကို ကြားချင်နေတဲ့ မြစ်ပျိုမတစ်စင်းပဲ။
ငါ့ဆီကနေ ကောက်ပဲသီးနှံတွေ
ဖြစ်ထွန်းနေတာမျိုးကို
မင်း သဘောကျတယ်၊
ကိုယ်တိုင် လာပေါင်းသင်ထွန်ယက်ဖို့တော့
စိတ်မကူး။
ထူးဆန်းတဲ့ ဗိသုကာ!
အဲ့ဒါ မင်းဖြစ်တယ်။
အမှန်တရားကို မြတ်နိုးလိုလားပြီး
အမှန်အတိုင်း ၀န်မခံရဲတာဟာ ရယ်စရာပဲကွယ့်
ဆတ်တောက်ဆတ်တောက်မလေးရဲ့။
ငါဟာ ဥယျာဉ်ပျက်တစ်ခုပါ
မင်းကိုယ်တိုင်က ပန်းအဖြစ် လာပွင့်ရမှာ။ ။
နရီမင်းထက်
၂၇၆၁၅
မင်းဟာ လက်ဝါးတစ်ဖက်တည်းတီးပြီး
လက်ခုပ်သံကို ကြားချင်နေတဲ့ မြစ်ပျိုမတစ်စင်းပဲ။
ငါ့ဆီကနေ ကောက်ပဲသီးနှံတွေ
ဖြစ်ထွန်းနေတာမျိုးကို
မင်း သဘောကျတယ်၊
ကိုယ်တိုင် လာပေါင်းသင်ထွန်ယက်ဖို့တော့
စိတ်မကူး။
ထူးဆန်းတဲ့ ဗိသုကာ!
အဲ့ဒါ မင်းဖြစ်တယ်။
အမှန်တရားကို မြတ်နိုးလိုလားပြီး
အမှန်အတိုင်း ၀န်မခံရဲတာဟာ ရယ်စရာပဲကွယ့်
ဆတ်တောက်ဆတ်တောက်မလေးရဲ့။
ငါဟာ ဥယျာဉ်ပျက်တစ်ခုပါ
မင်းကိုယ်တိုင်က ပန်းအဖြစ် လာပွင့်ရမှာ။ ။
နရီမင်းထက်
၂၇၆၁၅
Comments
Post a Comment