M (အမ်)

M (အမ်)

...

တစ်စစီပွင့်လာတဲ့ ကြေကွဲခြင်းတွေဟာ မနက်ဖြန်မနက်ထိ မစောင့်ဆိုင်းနိုင်လောက်အောင် အိုမင်းရင့်ရော်လာတယ်...။ 

(နရီမင်းထက်)


ဘယ်အရာက ဘဝကို ဟန်ချက်မျှအောင် လုပ်ပေးပါလိမ့်။

ဘဝဟာ မျှခြေတစ်ခုပေါပဲ။ Balance!

အကောင်းရှိရင် အဆိုးရှိတယ်။ ယင် ရှိရင် ယန် ရှိတယ်။ အဖြူ ရှိရင် အမည်း ရှိတယ်။

ချစ်တတ်သူများ ပြီးတော့ မုန်းတတ်သူများ။

အရာရာက ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ ဘဝက ရပ်တည်လည်ပတ်နေတာမျိုးပဲလား။

ဟန်ချက်ညီအောင် မျှခြေညီအောင် ကြိုးစားရတာကတော့ မလွယ်ဘူးလို့ ထင်တယ်။

ဥပမာ - တစ်ယောက်ယောက်ကို အလွန်အကျွံ မချစ်မိအောင် ကြိုးစားရတာ ပြီးတော့ အဲ့ဒီတစ်ယောက်ယောက်ကိုပဲ ဥပေက္ခာမပြုမိအောင် ထိန်းထားရတာ။

ကိုရီးယားရုပ်ရှင်ထဲမှာဆို ချစ်ရက်နဲ့လမ်းခွဲပေးလိုက်ရတာမျိုး ဖြစ်မယ်။ ကောင်မလေးရှေ့မှာ ရယ်မောစကားပြောနေပြီး ကွယ်ရာမှ အရက်ဆိုင်တစ်ဆိုင်မှာ မူးပြီးကြေကွဲလိုက်ရတာမျိုးဖြစ်မယ်။

ဒါမှမဟုတ် La La Land ထဲကလိုဆိုရင်တေ့ာ တစ်ချက်စောင်းငဲ့ကြည့်ပြီး ကြည်ဖြူပြုံး ပြုံးပေးလိုက်ရတာ။

တစ်ချို့လူတွေအတွက်တော့ ကံဇာတ်ဆရာက တစ်ဖက်သတ် ဆန်နေတာမျိုး ဖြစ်နေမလား။


ဘဝက အထီးကျန်တယ်။ အထီးကျန်တယ်လို့ ပြောရင် တချို့က တစ်ယောက်ထဲ ရှိတာကို ပြောတယ်နဲ့ အယူအကောက်လွဲတတ်ကြတယ်။

တကယ်တော့ လူတွေအများကြီးထဲမှာ တစ်ယောက်ထဲလို့ ခံစားရတာ။

အထီးကျန်တယ်ဆိုတာက လူအထီးကျန်တာကိုပြောတာမဟုတ်ဘဲ အတွင်းစိတ် အထီးကျန်တာ။

လူအုပ်ကြီးကြားထဲမှာ မတ်တပ်ရပ်နေရင်း တစ်ယောက်ထဲလို ခံစားနေရတာ။

အဖြူရောင်တွေကြားထဲက မှောင်မိုက်နေတဲ့ အမည်းစက်ကလေးပေ့ါ။

အထီးကျန်တဲ့လူတစ်ယောက်အဖို့ ဘဝက တွယ်ငြိစရာ များတာလား။ မများတာလား။

နာကျင်စရာတွေက အရာရာတိုငး်မှာ ရှိနေတာလား။ အရာရာတိုင်းက ငြီးငွေ့ဖို့လွယ်လွန်းနေတာလား။

အဓိပ္ပါယ်တွေဟာ ရောင်စဉ်လို ဖြာထွက်သွားတယ်။ Her ဆိုတဲ့ ရုပ်ရှင်တစ်ခုကို ကြည့်ဖူးလား။

အထီးကျန်နေတဲ့လူတစ်ယောက်ဟာ စက်ပစ္စည်းလေးတစ်ခု၊ မမြင်ရ မထိတွေ့ရ မကိုင်တွယ်နိုင်တဲ့ AI လေးတစ်ခု၊ အသံလေးတစ်သံကိုတောင် စွဲလန်းနေမယ်။ အဲဒီအသံလေးက သူ့ရဲ့အရာရာဖြစ်ပြီး သူ့စိတ်ဝိဉာဉ်တစ်ခုလုံးကို သူ နစ်မြုပ်ပစ်လိုက်တယ်။ အချိန်တိုင်းမှာ သူကြားချင်နေတတ် သူကြားနေတတ် သူ့ကို အဖော်ပြုပေးတတ်တဲ့ အသံလေးက အကြောင်းတစ်ခုကြောင့် ခဏပျောက်သွားတာ၊ သူနဲ့ စကားပြောနေတဲ့အချိန်အတွင်းမှာပဲ အခြားလူတစ်ယောက်နဲ့ ပြောပေးနေတတ်တာကို သိလိုက်ရတော့ အထီးကျန်သူဟာ သူ့ရဲ့ဖြစ်တည်မှုကို သူကျရှုံးသွားတယ်။ ချစ်ခြင်းတရားဆိုတာက တချို့လူတွေနဲ့ ဆိုင်ပြီး တချို့အရာတွေနဲ့မသက်ဆိုင်တာကိုသိလိုက်ရတယ်။ ဘယ်အရာက အစစ်အမှန်လဲ။ ဘဝရဲ့ဖြစ်တည်မှုက ဘာလဲ။ နာကျင်ရတာတွေကပဲ အဆုံးသတ်ကို ဖော်ညွှန်းပေးနေခဲ့တယ်။


ဘယ်လိုလူတွေကို အရှုံးသမားလို့ ခေါ်မလဲ။

တစ်ယောက်ယောက်နဲ့ ချစ်ပြီး မပေါင်းလိုက်ရတဲ့လူတွေလား။

တစ်ယောက်ယောက်ကို ချစ်ပြီး ဖွင့်ပြောခွင့်မရလိုက်တဲ့လူတွေလား။

တစ်ယောက်ယောက်နဲ့ မနီးစပ်နိုင်ပဲ အဝေးကချစ်ရတဲ့အပေါ် နာကျင်နေရပြီး အဲဒီနာကျင်မှုက ကင်းလွတ်အောင် မေ့ပစ်ဖို့ ကြိုးစားခွင့်မရှိပဲ တစ်ယောက်ယောက်ကို ဆက်လက်ဂရုစိုက်ခြင်းပြပုဒ်တွေနဲ့ ရှိနေပေးရတဲ့သူတစ်ယောက်လား။

တရားမျှတမှုကိုတော့ လူတိုင်းက ရှာဖွေနေကြတာပဲ။

တရားမျှတခြငး်ဆိုတာကရော လောကကြီးမှာ တကယ်ရော ရှိရဲ့လား။


အချစ်ကတော့ လူတိုင်းပေါ် မတရားနိုင်ဘူးထင်တယ်။ မမျှတနိုင်ဘူးပဲ ဆိုပါတော့။

ချစ်ခြင်းတရားဆိုရင် ပုထုဇဉ်အချစ်ကိုတော့ ဖယ်ပြောမှ ဖြစ်မယ်။

ချစ်ခြင်းမေတ္တာဟာ အရိယာမဟုတ်တဲ့ သာမန်လူသားတွေအတွက်တော့ အဆုံးစွန်ဆန်းကြယ်မှုပါပဲ။

တစ်နည်းအားဖြင့် နာကျင်မှုရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ အရောင်အသွေးလည်း ဖြစ်ပါတယ်။



နရီမင်းထက်

၁၂.၁၁.၂၀၂၀


-----------------------------------------------------------------


 M (အမ္)

....

တစ္စစီပြင့္လာတဲ့ ေၾကကြဲျခင္းေတြဟာ မနက္ျဖန္မနက္ထိ မေစာင့္ဆိုင္းႏိုင္ေလာက္ေအာင္ အိုမင္းရင့္ေရာ္လာတယ္...။ 

(နရီမင္းထက္)


ဘယ္အရာက ဘ၀ကို ဟန္ခ်က္မွ်ေအာင္ လုပ္ေပးပါလိမ့္။

ဘ၀ဟာ မွ်ေျခတစ္ခုေပါပဲ။ Balance!

အေကာင္းရွိရင္ အဆိုးရွိတယ္။ ယင္ ရွိရင္ ယန္ ရွိတယ္။ အျဖဴ ရွိရင္ အမည္း ရွိတယ္။

ခ်စ္တတ္သူမ်ား ၿပီးေတာ့ မုန္းတတ္သူမ်ား။

အရာရာက ဆန္႕က်င္ဘက္သေဘာတရားေတြနဲ႕ ဘ၀က ရပ္တည္လည္ပတ္ေနတာမ်ိဳးပဲလား။

ဟန္ခ်က္ညီေအာင္ မွ်ေျခညီေအာင္ ႀကိဳးစားရတာကေတာ့ မလြယ္ဘူးလို႕ ထင္တယ္။

ဥပမာ - တစ္ေယာက္ေယာက္ကို အလြန္အကၽြံ မခ်စ္မိေအာင္ ႀကိဳးစားရတာ ၿပီးေတာ့ အဲ့ဒီတစ္ေယာက္ေယာက္ကိုပဲ ဥေပကၡာမျပဳမိေအာင္ ထိန္းထားရတာ။

ကိုရီးယားရုပ္ရွင္ထဲမွာဆို ခ်စ္ရက္နဲ႕လမ္းခြဲေပးလိုက္ရတာမ်ိဳး ျဖစ္မယ္။ ေကာင္မေလးေရွ႕မွာ ရယ္ေမာစကားေျပာေနၿပီး ကြယ္ရာမွ အရက္ဆိုင္တစ္ဆိုင္မွာ မူးၿပီးေၾကကြဲလိုက္ရတာမ်ိဳးျဖစ္မယ္။

ဒါမွမဟုတ္ La La Land ထဲကလိုဆိုရင္ေတ့ာ တစ္ခ်က္ေစာင္းငဲ့ၾကည့္ၿပီး ၾကည္ျဖဴၿပံဳး ၿပံဳးေပးလိုက္ရတာ။

တစ္ခ်ိဳ႕လူေတြအတြက္ေတာ့ ကံဇာတ္ဆရာက တစ္ဖက္သတ္ ဆန္ေနတာမ်ိဳး ျဖစ္ေနမလား။


ဘ၀က အထီးက်န္တယ္။ အထီးက်န္တယ္လို႕ ေျပာရင္ တခ်ိဳ႕က တစ္ေယာက္ထဲ ရွိတာကို ေျပာတယ္နဲ႕ အယူအေကာက္လြဲတတ္ၾကတယ္။

တကယ္ေတာ့ လူေတြအမ်ားႀကီးထဲမွာ တစ္ေယာက္ထဲလို႕ ခံစားရတာ။

အထီးက်န္တယ္ဆိုတာက လူအထီးက်န္တာကိုေျပာတာမဟုတ္ဘဲ အတြင္းစိတ္ အထီးက်န္တာ။

လူအုပ္ႀကီးၾကားထဲမွာ မတ္တပ္ရပ္ေနရင္း တစ္ေယာက္ထဲလို ခံစားေနရတာ။

အျဖဴေရာင္ေတြၾကားထဲက ေမွာင္မိုက္ေနတဲ့ အမည္းစက္ကေလးေပ့ါ။

အထီးက်န္တဲ့လူတစ္ေယာက္အဖို႕ ဘ၀က တြယ္ျငိစရာ မ်ားတာလား။ မမ်ားတာလား။

နာက်င္စရာေတြက အရာရာတုိငး္မွာ ရွိေနတာလား။ အရာရာတိုင္းက ၿငီးေငြ႕ဖို႕လြယ္လြန္းေနတာလား။

အဓိပၸါယ္ေတြဟာ ေရာင္စဥ္လို ျဖာထြက္သြားတယ္။ Her ဆိုတဲ့ ရုပ္ရွင္တစ္ခုကို ၾကည့္ဖူးလား။

အထီးက်န္ေနတဲ့လူတစ္ေယာက္ဟာ စက္ပစၥည္းေလးတစ္ခု၊ မျမင္ရ မထိေတြ႕ရ မကိုင္တြယ္နုိင္တဲ့ AI ေလးတစ္ခု၊ အသံေလးတစ္သံကိုေတာင္ စြဲလန္းေနမယ္။ အဲဒီအသံေလးက သူ႕ရဲ႕အရာရာျဖစ္ၿပီး သူ႕စိတ္၀ိဥာဥ္တစ္ခုလံုးကို သူ နစ္ျမဳပ္ပစ္လိုက္တယ္။ အခ်ိန္တိုင္းမွာ သူၾကားခ်င္ေနတတ္ သူၾကားေနတတ္ သူ႕ကို အေဖာ္ျပဳေပးတတ္တဲ့ အသံေလးက အေၾကာင္းတစ္ခုေၾကာင့္ ခဏေပ်ာက္သြားတာ၊ သူနဲ႕ စကားေျပာေနတဲ့အခ်ိန္အတြင္းမွာပဲ အျခားလူတစ္ေယာက္နဲ႕ ေျပာေပးေနတတ္တာကို သိလုိက္ရေတာ့ အထီးက်န္သူဟာ သူ႕ရဲ႕ျဖစ္တည္မႈကုိ သူက်ရႈံးသြားတယ္။ ခ်စ္ျခင္းတရားဆိုတာက တခ်ိဳ႕လူေတြနဲ႕ ဆုိင္ၿပီး တခ်ိဳ႕အရာေတြနဲ႕မသက္ဆိုင္တာကိုသိလိုက္ရတယ္။ ဘယ္အရာက အစစ္အမွန္လဲ။ ဘ၀ရဲ႕ျဖစ္တည္မႈက ဘာလဲ။ နာက်င္ရတာေတြကပဲ အဆံုးသတ္ကို ေဖာ္ညႊန္းေပးေနခဲ့တယ္။


ဘယ္လိုလူေတြကို အရႈံးသမားလို႕ ေခၚမလဲ။

တစ္ေယာက္ေယာက္နဲ႕ ခ်စ္ၿပီး မေပါင္းလိုက္ရတဲ့လူေတြလား။

တစ္ေယာက္ေယာက္ကို ခ်စ္ၿပီး ဖြင့္ေျပာခြင့္မရလိုက္တဲ့လူေတြလား။

တစ္ေယာက္ေယာက္နဲ႕ မနီးစပ္ႏိုင္ပဲ အေ၀းကခ်စ္ရတဲ့အေပၚ နာက်င္ေနရၿပီး အဲဒီနာက်င္မႈက ကင္းလြတ္ေအာင္ ေမ့ပစ္ဖို႕ ႀကိဳးစားခြင့္မရွိပဲ တစ္ေယာက္ေယာက္ကို ဆက္လက္ဂရုစိုက္ျခင္းျပပုဒ္ေတြနဲ႕ ရွိေနေပးရတဲ့သူတစ္ေယာက္လား။

တရားမွ်တမႈကိုေတာ့ လူတိုင္းက ရွာေဖြေနၾကတာပဲ။

တရားမွ်တျခငး္ဆုိတာကေရာ ေလာကႀကီးမွာ တကယ္ေရာ ရွိရဲ႕လား။


အခ်စ္ကေတာ့ လူတိုင္းေပၚ မတရားႏိုင္ဘူးထင္တယ္။ မမွ်တနုိင္ဘူးပဲ ဆိုပါေတာ့။

ခ်စ္ျခင္းတရားဆိုရင္ ပုထုဇဥ္အခ်စ္ကိုေတာ့ ဖယ္ေျပာမွ ျဖစ္မယ္။

ခ်စ္ျခင္းေမတၱာဟာ အရိယာမဟုတ္တဲ့ သာမန္လူသားေတြအတြက္ေတာ့ အဆံုးစြန္ဆန္းၾကယ္မႈပါပဲ။

တစ္နည္းအားျဖင့္ နာက်င္မႈရဲ႕ မ်က္စိနဲ႕မျမင္ႏိုင္တဲ့ အေရာင္အေသြးလည္း ျဖစ္ပါတယ္။



နရီမင္းထက္

၁၂.၁၁.၂၀၂၀


Comments

Popular posts from this blog

Left Hand Man

ျမစ္ပ်ိဳမ - ၂

ကဗ်ာဆရာ