တောအုပ်ကလေးရဲ့အလွန်
တောအုပ်ကလေးရဲ့အလွန်
မိုးတွေက ရွာကျနေတုန်းပဲ၊
ကောင်းကင်က အုံ့ဆိုင်းမှိုင်းရီ
မြင်နေရတဲ့ ခင်တန်းရဲ့အလွန်
တောင်ထိပ်က လွမ်းဖွယ့်စေတီလေး။
ငါ ရောက်နေတဲ့နေရာက ရွာကလေးရဲ့အစွန်မှာ
မိုးတွေက ငါထိုင်နေတဲ့ခုံတန်းပေါ်ထိ
ကျလာပြီ၊
သက်ကယ်တဲလေးလည်း စွတ်စွတ်စိုလို့။
တပေါက်ပေါက်တဲ့ ကျနေတဲ့အသံ
တဝေါဝေါနဲ့ ကျနေတဲ့အသံ၊
တကျိကျိနဲ့ ငှက်ကလေးတွေ အသိုက်ထဲ အော်မြည်နေတာ။
မိုးရနံ့ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်တယ်
မြေသင်းနံ့လေး မွှေးမြလို့
မြက်ပင်က ပွင့်တဲ့ပန်းကလေးတွေတောင်
စိုလဲ့ဝင်းဝါလို့။
လွမ်းစရာမကောင်းဘူးလား၊
ဒီလိုတွေးတော့
နှလုံးသားတောင် ခံတွင်းချဉ်လာတယ်၊
စောစောက လေတွေ တဝေါဝေါတိုက်နေပြီး
ခုတော့ မိုးတွေ တသိမ့်သိမ့် ရွာလို့။
နှုတ်ခမ်းမှာ ဆေးလိပ်ကို တေ့လိုက်ပြီ၊
မီးခြစ်ကို ထောက်ခနဲမြည်အောင် ခြစ်၊
ကဲ...
ငါ လွမ်းရပါပြီလေ။ ။
နရီမင်းထက်
၂၅၃၁၇ ညနေ။
မိုးတွေက ရွာကျနေတုန်းပဲ၊
ကောင်းကင်က အုံ့ဆိုင်းမှိုင်းရီ
မြင်နေရတဲ့ ခင်တန်းရဲ့အလွန်
တောင်ထိပ်က လွမ်းဖွယ့်စေတီလေး။
ငါ ရောက်နေတဲ့နေရာက ရွာကလေးရဲ့အစွန်မှာ
မိုးတွေက ငါထိုင်နေတဲ့ခုံတန်းပေါ်ထိ
ကျလာပြီ၊
သက်ကယ်တဲလေးလည်း စွတ်စွတ်စိုလို့။
တပေါက်ပေါက်တဲ့ ကျနေတဲ့အသံ
တဝေါဝေါနဲ့ ကျနေတဲ့အသံ၊
တကျိကျိနဲ့ ငှက်ကလေးတွေ အသိုက်ထဲ အော်မြည်နေတာ။
မိုးရနံ့ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်တယ်
မြေသင်းနံ့လေး မွှေးမြလို့
မြက်ပင်က ပွင့်တဲ့ပန်းကလေးတွေတောင်
စိုလဲ့ဝင်းဝါလို့။
လွမ်းစရာမကောင်းဘူးလား၊
ဒီလိုတွေးတော့
နှလုံးသားတောင် ခံတွင်းချဉ်လာတယ်၊
စောစောက လေတွေ တဝေါဝေါတိုက်နေပြီး
ခုတော့ မိုးတွေ တသိမ့်သိမ့် ရွာလို့။
နှုတ်ခမ်းမှာ ဆေးလိပ်ကို တေ့လိုက်ပြီ၊
မီးခြစ်ကို ထောက်ခနဲမြည်အောင် ခြစ်၊
ကဲ...
ငါ လွမ်းရပါပြီလေ။ ။
နရီမင်းထက်
၂၅၃၁၇ ညနေ။
Comments
Post a Comment