အတိတ်။

ဘ၀က ဘာမှမဟုတ်ခဲ့ပါ။
အဲ့ဒါကို နောက်ကျမှ သိခဲ့ရသည်။

တစ်စုံတစ်ယောက် ကိုယ့်ဘ၀ထဲ ၀င်လာတာ။
တစ်စုံတစ်ယောက် ကိုယ့်ဘ၀ထဲက ထွက်သွားတာ။
အချိန်တွေသာ ကြာပြီး ဘာမှဖြစ်မလာခဲ့။

မှတ်ဥာဏ်တွေသာ ကျန်ရစ်ပြီး ဖမ်းဆုပ်စရာ ဘာမှမရှိခဲ့။
နေရောင်အောက်မှာ အရည်ပျော်သွားတဲ့ နှင်းတွေလိုပါပဲ။

တစ်စုံတစ်ယောက်ကို သင်ချစ်မိခဲ့ဖူးပါသလား
တစ်စုံတစ်ယောက်ဟာ သင့်ဘ၀ထဲကို ၀င်လာခဲ့ဖူးသလား။
တစ်စုံတစ်ယောက်ကို သင့်ဘ၀ထဲ ဖိတ်ခေါ်ခဲ့ဖူးသလား။
တစ်စုံတစ်ယောက်ဟာ သင့်ဘ၀ထဲက ထွက်ဖို့ကြိုးစားခဲ့ဖူးသလား။
တစ်စုံတစ်ယောက်ကို သင့်ဘ၀ထဲက ထွက်မသွားဖို့ တားခဲ့မိသေးလား။

ကျွန်တော်တို့ ရင်ဆိုင်နေရတာက စိတ်ပိုင်းဆိုင်ရာအခြေတည်ပြဿနာတွေပဲ ဖြစ်ပါသည်။

နာကျင်ရတာတွေက မထူးဆန်းတော့ပါ။
သို့သော် နာကျင်စရာတစ်ခုကို ထာဝရခံစားရတော့မည် ဆိုရင်ရော...
တစ်စုံတစ်ယောက် ထွက်ခွာသွားလို့ သတိရ ရတာ မဆန်းပါ။
သို့သော် တစ်စုံတစ်ယောက် ဘယ်တော့မှ ပြန်မလာတော့တာကို ထာဝရ သတိရ နေဖို့ ဆိုရင်ရော...။

အချိန်ဆိုသည်မှာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ပြီး
အချစ်ဆိုသည်မှာ ကိုက်ခဲတတ်သော ရောဂါဆိုးတစ်မျိုး ဖြစ်သည်။

အလွမ်းဆိုတာက ဆူးစူးတဲ့ခြေထောက်နဲ့ လမ်းလျှောက်နေရသလိုပါပဲ။

နာကျင်မှုတွေ ကြေကွဲမှုတွေ သတိရမှုတွေကို ပွေ့ဖက်ပြီး
နေ့တွေ ညတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေမိသည်။

လွမ်းပါသည်။
သို့သော် ပြန်လာရင်လည်း လက်ခံမိလိမ့်မည် မဟုတ်ပါ။


နရီမင်းထက်

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ