အားနာစကား(အဲ့လိုထင်တယ်)
ဒါကို ဒီလိုမျိုး ရေးရတာကတော့ အူကြောင်ကြောင်နိုင်တယ်။
အူကြောင်ကြောင်နိုင်တယ်ဆိုတာက...
ဒီဘလော့က ကျနော် စိတ်ပေါက်မှ လိပ်လောက်ပြေးသလို ရေးချင်တဲ့အချိန် လာရေး၊
စိတ်မပါရင် အိပ်ရာက မထသလို ပစ်ထားတတ်တဲ့ ကဗျာဘလော့ ဖြစ်လို့ပါပဲ။
ဘလော့မှာ ကဗျာ လာဖတ်တဲ့လူတွေ တချို့ ရှိတယ်။
ဒါပေမဲ့ အများကြီးလည်း မဟုတ်ဘူး။ နဲနဲပေါ့။
သူတို့ကလည်း စိတ်ပေါက်မှ လိပ်လောက် ရေးသလို အာရုံရရင် ရသလို လာဖတ်တဲ့သူတွေပေါ့။
သူတို့လာဖတ်တဲ့အချိန် ကျနော် ကဗျာအသစ်တင်ထားရင် သူတို့ ကျေနပ်မှာပေါ့။
သူတို့ ပထမတစ်ခေါက် လာဖတ်ပြီးတဲ့ အချိန်နဲ့ ဒုတိယတစ်ခေါက် လာဖတ်တဲ့အချိန်ကြားမှာ
ကျနော် (ငပျင်း)က ဘာမှ တင်မထားရင် သူတို့က စိတ်လေသွားပြီပေါ့။
အဲ့ဒါ ဘယ်လို သိသလဲ ဆိုတော့
တစ်ခါတလေ (သူတို့နဲ့ fb ကနေတဆင့်) ပြန်သိရတာပေါ့။
ကဗျာ တင်ပါဦးပေါ့။
ဒီလောက်ပါပဲ၊
သူတို့ပြောလည်း ကျနော်က တင်ချင်မှ တင်ဖြစ်တာပါ။ ရေးထားတာလည်း ရှိဦးမှ၊ စိတ်လည်း ပေါက်ဦးမှ၊
ဒီလနဲ့အရင်လကြားမှာ စာမေးပွဲကြောင့် ကဗျာတင်ဖို့ ကြဲသွားတယ်ပဲ ထားပါတော့။
ကျနော် အားနာသလို ဖြစ်မိပါတယ်။
ဘယ်တော့ ဘယ်အချိန် လာဖတ်မယ်မှန်းမသိတဲ့ ကျနော့်ဘလော့ကို ဖတ်သူ တချို့အတွက်။
ကြည့်စမ်း။
ဒီစာကိုရေးရတာ ဘယ်လောက် ကြောင်တောင်တောင် နိုင်လိုက်သလဲဆိုတာ။
Public Awareness မများချင်လို့ fb မှာ မရေးပဲ blog မှာ ရေးတယ်။
blog မှာ လာဖတ်တဲ့ လူနည်းနည်းက ကဗျာမတင်လို့ ပြောမှာကိုလည်း အားနာတယ်တဲ့။
အားနာလို့လည်း ဘလော့ကို ဘယ်လောက်ဂရုစိုက်မစိုက်လည်း ကိုယ့်ဟာကိုယ်ပဲ သိပါတယ်။
အဲ့ဒီ လူနည်းနည်းက ဘယ်မှာလဲလို့ မေးရင်လည်း ဘယ်လို ဖြေရမယ်မှန်း သိမယ် မဟုတ်ဘူး။
ဘယ်လောက်တောင် ရူးကြောင်ကြောင် နိုင်လိုက်တဲ့ ဖြေရှင်းချက်ပါလိမ့်။
:D

Comments
Post a Comment