ပုံမှန်တစ်ခွက်စာ

ပုံမှန်တစ်ခွက်စာ


လက်ဖက်ရည်ဆိုင်ထဲ ဆူညံအော်ဟစ်သံများ၊
ဥဒဟိုလူများ၊။ ပျားပန်းခတ်၊ ရှေ့မှာ
စားလက်စ ထမင်းပန်းကန်၊ ဆောင်းရဲ့ခေါင်းတည့်တည့်က ' နွေ '
သက်ပြင်းအထပ်ထပ်ချပြီး ပိတ်လှောင်ခဲ့၊ မွန်းကြပ်ခဲ့၊
အနိစ္စဆိုတာ အမြဲမရှိတာမို့ အနိစ္စဆိုတာတောင် မရှိဘူးလို့ ပြောရင်၊
သတိရခဲ့ နေ့စွဲများ၊ တိတ်တိတ်လေး နာကျင်ခြင်းတစ္ဆေ
ယုံကြည်မှုကင်းမဲ့သော ၂၀၁၇၊ အလဲလဲအပြိုပြို၊
အလှူအိမ်ထမင်းစားဖို့ သွားကာမှ နောက်ကျလို့
မစားရတဲ့အပြန်မှာ ဖိနပ်ပါ ထပ်ပျောက်တာလို၊
တစ်ယောက်ပေါ်တစ်ယောက် ထပ်ဆင့်ကျရှုံးခဲ့မှုများ။
မပြောခဲ့၊ မသိချင် ကဗျာတွေ မရေးတတ်တော့သောကာလ၊
အပူက အလျှံညီးညီး ပွင့်လန်းနေတယ်၊
မြင်နေရတဲ့မြင်ကွင်းက နှလုံးသားနဲ့ မဆံ့ဘူး၊
ဝေးကွာခြင်းသဘောမှာ ငါတို့အဖြစ်ဟာ သာဓက၊
ဒီနည်းနဲ့ မမြဲခြင်းတရားဟာ အချစ်ကို ချေချွတ်တော်မူလေတယ်။     ။


နရီမင်းထက်
211117

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ