ငါးေတြဟာ ပြစိအြစိလုပ္ေန

ငါးတွေဟာ ပွစိအွစိလုပ်နေ
(Myanmar3)

.....................................

၁။ အခန်းတံခါးကို ချက်ချလိုက်တယ်။

၂။ ပုံရိပ်တွေ၊ အငွေ့တွေ၊ လေဟာနယ်၊

မီးခိုးရောင်၊ လွင့်မျောမှုများ

စီးမျောမှု - (ဟင့်အင်း၊ အဲဒါ သဘာဝအတိုင်းမဟုတ်ဘူး၊

လံကြုတ်ထဲ့တာ ပြန်ဖြုတ်)

ခိုတစ်ကောင် ညည်းသလို

တက်ဟီးအင် - တက်ဟီးအင်၊

တော်လှန်ရေးဟာ ဆေးပေါ့လိပ်ထိပ်က

ပြာဖုံးနေတဲ့ ရဲရဲနီ မီးစလေးနဲ့၊

ပြောတော့ ခံတွင်းတောင် ခါးလာတယ်၊

သီချင်းက တအုန်းအုန်း မြည်နေတယ်၊

ဆေးလိပ်မသောက်သူရဲ့ အခန်းထဲက အဝါရောင်မီးခြစ်...

အတွေးငွေ့တွေ တလိမ့်လိမ့်...

တငြိမ့်ငြိမ့်.....

တသိမ့်သိမ့်....

လွင့်သွားတာကို

ထိုင်ကြည့်ရတာ အရသာရှိ ........တယ်..........။

စကားလုံးတွေဟာ အနှေးပြကွက်ထဲကလို

အသံတွေဟာ တစ်လုံးချင်း ဗလုံးဗထွေးကြီး ပြောလိုက်သလို

နားထဲမှာ တီ...ခနဲ အသံတွေ မြည်လာတယ် (ညာဘက်က)

ဆေးလိပ်ဖြတ်ပါ ဆိုတဲ့ စာတန်းကို

ဆေးလိပ်ဘူးမှာ တွေ့ရတာ ရယ်စရာအကောင်းဆုံး အဖြစ်အပျက်ပဲ၊

အဲဒါက

ကြယ်တွေကြွေတာ မြင်ရင်

ဆုတောင်းပါ ဆိုပြီး ဂျင်းထဲ့တာထက် ပိုဆိုးတယ်၊

တစ်နေ့နေ့တော့ ကန္တရာထဲကြီးကနေ ပင်လယ်ကြီး

ဖြစ်သွားမလားလို့ ထိုင်ဆုတောင်းနေသလိုမျိုးပဲ၊

သတိရလို့ ကြည့်လိုက်တော့ ပြာတွေ...

အမည်းရောင်ပြာတွေ ... တစ်စစီ ... ကြွေ ...........။

၃။ အခန်းထဲက ဇော်ဂျီရုပ်ဟာ

လက်တစ်ဖက် ပြုတ်နေတယ်။

နရီမင်းထက်

၂၃၁၈

(Zawgyi)
ငါးေတြဟာ ပြစိအြစိလုပ္ေန
.....................................
၁။ အခန္းတံခါးကို ခ်က္ခ်လိုက္တယ္။
၂။ ပံုရိပ္ေတြ၊ အေငြ႕ေတြ၊ ေလဟာနယ္၊
မီးခိုးေရာင္၊ လြင့္ေမ်ာမႈမ်ား
စီးေမ်ာမႈ - (ဟင့္အင္း၊ အဲဒါ သဘာ၀အတိုင္းမဟုတ္ဘူး၊
လံၾကဳတ္ထဲ့တာ ျပန္ျဖဳတ္)
ခိုတစ္ေကာင္ ညည္းသလို
တက္ဟီးအင္ - တက္ဟီးအင္၊
ေတာ္လွန္ေရးဟာ ေဆးေပါ့လိပ္ထိပ္က
ျပာဖံုးေနတဲ့ ရဲရဲနီ မီးစေလးနဲ႕၊
ေျပာေတာ့ ခံတြင္းေတာင္ ခါးလာတယ္၊
သီခ်င္းက တအုန္းအုန္း ျမည္ေနတယ္၊
ေဆးလိပ္မေသာက္သူရဲ႕ အခန္းထဲက အ၀ါေရာင္မီးျခစ္...
အေတြးေငြ႕ေတြ တလိမ့္လိမ့္...
တၿငိမ့္ၿငိမ့္.....
တသိမ့္သိမ့္....
လြင့္သြားတာကုိ
ထိုင္ၾကည့္ရတာ အရသာရိွ ........တယ္..........။
စကားလံုးေတြဟာ အေႏွးျပကြက္ထဲကလို
အသံေတြဟာ တစ္လံုးခ်င္း ဗလံုးဗေထြးႀကီး ေျပာလိုက္သလို
နားထဲမွာ တီ...ခနဲ အသံေတြ ျမည္လာတယ္ (ညာဘက္က)
ေဆးလိပ္ျဖတ္ပါ ဆိုတဲ့ စာတန္းကို
ေဆးလိပ္ဘူးမွာ ေတြ႕ရတာ ရယ္စရာအေကာင္းဆံုး အျဖစ္အပ်က္ပဲ၊
အဲဒါက
ၾကယ္ေတြေၾကြတာ ျမင္ရင္
ဆုေတာင္းပါ ဆိုၿပီး ဂ်င္းထဲ့တာထက္ ပိုဆိုးတယ္၊
တစ္ေန႕ေန႕ေတာ့ ကႏၱရာထဲႀကီးကေန ပင္လယ္ႀကီး
ျဖစ္သြားမလားလို႕ ထိုင္ဆုေတာင္းေနသလိုမ်ိဳးပဲ၊
သတိရလို႕ ၾကည့္လိုက္ေတာ့ ျပာေတြ...
အမည္းေရာင္ျပာေတြ ... တစ္စစီ ... ေၾကြ ...........။
၃။ အခန္းထဲက ေဇာ္ဂ်ီရုပ္ဟာ
လက္တစ္ဖက္ ျပဳတ္ေနတယ္။
နရီမင္းထက္
၂၃၁၈

Comments

Popular posts from this blog

Left Hand Man

ျမစ္ပ်ိဳမ - ၂

ကဗ်ာဆရာ