စား/မစား
စား/မစား
............(unicode)
ခုရေးတဲ့ topic က sensitive ဖြစ်စရာ ကောင်းမယ်။
ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့သူ၊ စိတ်တိုလွယ် စိတ်လှုပ်ရှားလွယ်သူတွေ၊ အစွန်းရောက်တွေ ဖတ်ဖို့ မသင့်ဘူးထင်တယ်။
အမှန်တော့ ကျနော် မြင်တာကိုပဲ ရေးတာပါ။
ကျနော့်ရဲ့ တွေးတောမှုခပ်တုံးတုံးလည်း ဖြစ်ပါတယ်။
ဘဝင်မကျတာ တစ်ခုကို ပေါလစ်ထုတ်သုတ်တာလည်း ဖြစ်ပါတယ်။
လူတွေအမျိုးမျိုး ရှိကြပါတယ်။ မြတ်စွာဘုရား လက်ထက်ကနေ ခုချိန်ထိပေါ့။
အသားငါး အစုံစားသူ
သတ်သတ်လွတ်စားသူ(အသားငါး လုံးဝမစားသူ)
ခြေလေးချောင်း ရှောင်သူ (ခြေလေးချောင်းသတ္တဝါတွေကိုမစား၊ ခြေနှစ်ချောင်း၊ခြေမပါ သတ္တဝါ၊ ပင်လယ်စာတွေကို စားသူ)
ခြေနှစ်ချောင်း ရှောင်သူ (ဒါကတော့ နည်းမယ်ထင်တယ်)
ခြေလေးချောင်းရှောင်တာလည်း မဟုတ်ပဲ ကန့်သတ်အသားကိုမှ မစားတာ (ဥပမာ - ဝက်သား၊ ဆိတ်သား၊ အမဲသား စသည်၊ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။)
အဲ့ဒီလို လူတွေအစားစား ရှိခဲ့ကြတယ်။
မြတ်စွာဘုရားကတော့ ဘယ်အသားရှောင်ပါမပြောခဲ့ဘူးပေါ့။ ဆွမ်းခံရင်း အလျဉ်းသင့် အဆင်ပြေသလို ဘုဉ်းပေးခဲ့တယ်။
ဆိုတော့...
အသားငါး အစုံစားတဲ့သူ ထားပါတော့။
အိုကေ၊ ပြဿနာမရှိပါဘူး။ သိပ္ပံသဘောအရလည်း အာဟာရဓာတ် vitamin တွေ အစုံရအောင် စားသင့်တယ်။ ကျန်းမာရေးနဲ့ညီတယ်။ ဘုရားဟောနဲ့လည်း ညီတယ်ပဲ ထားပါတော့။ ( တွေ့သမျှ အကောင်ပလောင် အကုန်လျှောက်စားနေတဲ့ သရဲမရဲစီးနေတဲ့လူတွေမပါ)။
သတ်သတ်လွတ်စားတဲ့သူကရော?
အဲ့ဒါလည်း လက်ခံပါတယ်။ အသားမစားရင်လည်း ပရိုတိန်းဓာတ်ကို ပဲမျိုးစုံကနေ ရနိုင်တယ်။ အသီးအရွက်တွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်။
အသားမစားတဲ့အတွက် သတ္တဝါတွေကိုလည်း မထိခိုက်ဘူး။ တိရိစ္ဆန်ချစ်သူတွေဆီကနေ ထောက်ခံမှုရမယ်။ အိုကေ။
ခြေလေးချောင်း ရှောင်သူ၊ ခြေနှစ်ချောင်း ရှောင်သူတွေ?
သူတို့ကိုတော့ ကျနော် နည်းနည်း အံ့သြတယ်။
ဘာလို့လဲပေါ့။ အသားစုံလည်း မစား၊ လုံးဝသတ်သတ်လွတ်လည်း မဟုတ်။ ခြေလေးချောင်းပဲ ရှောင်တယ်။ why?
ကိုယ်ရှောင်ချင်တာရှောင်တာပဲလေ။ ဘာဖြစ်လဲပေါ့။
ဘာမှမဖြစ်ပါဘူး။ ခြေလေးချောင်းရှောင်တော့ ခြေနှစ်ချောင်းကို ပိုစားမိတာပေါ့။ မဟုတ်လဲ ပင်လယ်စားတွေကတော့ စားနေတာပဲ။
ခြေလေးချောင်းရှောင်ပြီး အသီးအရွက်ကို ပိုစားတဲ့လူလို့တော့ မမြင်ပါဘူး။
ပြီးတော့ ခြေလေးချောင်းကိုကျရှောင်ပြီး ခြေနှစ်ချောင်းတွေကိုကျ ဘာလို့မရှောင်တာတုန်း။ သိပ်နားမလည်ဘူး။
ကန့်သတ်အသား ရှောင်တဲ့သူ?
အင်း။ ဒီနေရာမှာ တချို့ဘာသာတွေက တချို့အသားကို ရှောင်တာ ရှိမယ်။ အဲ့ဒါက သူတို့ ဘာသာရေး ထုံးတမ်း အရ၊
ကျနော်ပြောချင်တာ သူတို့တွေမပါပါဘူး။ သူတို့မှာ ရည်ရွယ်ချက် အခိုင်အမာ တစ်ခုခု ရှိမှာပဲလေ။
ဘယ်လိုလူတွေကို ပြောချင်တာလဲဆိုတော့
ဘာသာရေးအရ ရှောင်ရတာမျိုးလည်း မဟုတ်ပဲ အကြောင်းပြချက်မယ်မယ်ရရ မရှိပဲ ရှောင်ချင်သလိုရှောင်တဲ့သူတွေ။
သူတို့ကလည်း သူတို့ တစ်ဦးပိုင် ယုံကြည်မှုနဲ့ ရှောင်တာတော့ များပါတယ်။
ဥပမာ ဘယ်သူက မကြိုက်လို့၊ ဘယ်ဝါက မစားခိုင်းလို့၊ ညှီလို့၊ စားရင် ကံနိမ့်တယ်ထင်လို့ စသည်။
ကျနော် ကိုယ်ပိုင်အမြင်ကတော့ အဲ့ဒါက နည်းနည်း weird ဖြစ်တယ်လို့ ထင်တာပဲ။
ဒါပေမယ့် ဒါတွေ အပေါ်က ပြောခဲ့တာအကုန်လုံးက ကိုယ့်ဟာကို်ယ် တွေးရတာ ကြောင်တောင်တောင်နိုင်တာ
မျက်နှာကို သုံးဆယ်ဒီဂရီလောက်လွှဲမိပြီး ဟင် ဘယ်နှယ့်တွေလဲ လို့ ခံစားရတာတွေကို ပြောတာရေးတာမျှသာ ဖြစ်ပါတယ်။
စားတာ မစားတာ ရှောင်တာ မရှောင်တာတွေဟာ သူတို့ရဲ့ ခံယူချက်နဲ့ ဓလေ့အရ ဖြစ်တာမို့ ၊ ပြီးတော့ တစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်တွေပဲမို့
တားမြစ်စရာ ကဲ့ရဲ့စရာလည်း မရှိပါဘူး။ သဘောရှိ ကလောဟိပေါ့။
လူဆိုတဲ့ အဓိပ္ပါယ်ကိုက diverse ဖြစ်နေတာပဲ မဟုတ်လား။
ထားပါတော့လေ။
ဥပမာ ကျနော်ဆိုရင်လည်း ပုရစ်ကြော် မစားဘူး။ တစ်သက်လုံး မစားဘူး။ စေ့စေ့ကို မကြည့်ချင်ဘူးလေ။
ဘာကြောင့်လဲ မေးရင် ဘာပြန်ပြောရမလဲ မသိဘူး။
ဒီတိုင်း မစားချင်လို့ မစားဘူးပဲ ဖြေရမှာ။ ဒါ့အပြင် ပိုပြီး မဖြေတတ်ဘူး။
ဆိုတော့
အပေါ်က list မှာ ပုရစ်မစားသူ ၀ါ အင်းဆက် မစားချင်သူ ဆိုပြီး ထပ်တိုးရမယ်လား။ ။
နရီမင်းထက်
၅၁၂၂၀ ည
စား/မစား
............(zaw gyi)
ခုေရးတဲ့ topic က sensitive ျဖစ္စရာ ေကာင္းမယ္။
ဒီေတာ့ လြယ္လြယ္နဲ႕ ေဒါသထြက္တတ္တဲ့သူ၊ စိတ္တိုလြယ္ စိတ္လႈပ္ရွားလြယ္သူေတြ၊ အစြန္းေရာက္ေတြ ဖတ္ဖို႕ မသင့္ဘူးထင္တယ္။
အမွန္ေတာ့ က်ေနာ္ ျမင္တာကိုပဲ ေရးတာပါ။
က်ေနာ့္ရဲ႕ ေတြးေတာမႈခပ္တံုးတံုးလည္း ျဖစ္ပါတယ္။
ဘ၀င္မက်တာ တစ္ခုကို ေပါလစ္ထုတ္သုတ္တာလည္း ျဖစ္ပါတယ္။
လူေတြအမ်ိဳးမ်ိဳး ရွိၾကပါတယ္။ ျမတ္စြာဘုရား လက္ထက္ကေန ခုခ်ိန္ထိေပါ့။
အသားငါး အစံုစားသူ
သတ္သတ္လြတ္စားသူ(အသားငါး လံုး၀မစားသူ)
ေျခေလးေခ်ာင္း ေရွာင္သူ (ေျခေလးေခ်ာင္းသတၱ၀ါေတြကိုမစား၊ ေျခႏွစ္ေခ်ာင္း၊ေျခမပါ သတၱ၀ါ၊ ပင္လယ္စာေတြကို စားသူ)
ေျခႏွစ္ေခ်ာင္း ေရွာင္သူ (ဒါကေတာ့ နည္းမယ္ထင္တယ္)
ေျခေလးေခ်ာင္းေရွာင္တာလည္း မဟုတ္ပဲ ကန္႕သတ္အသားကိုမွ မစားတာ (ဥပမာ - ၀က္သား၊ ဆိတ္သား၊ အမဲသား စသည္၊ ကိုယ့္ခံယူခ်က္နဲ႕ကိုယ္ေပါ့။)
အဲ့ဒီလို လူေတြအစားစား ရွိခဲ့ၾကတယ္။
ျမတ္စြာဘုရားကေတာ့ ဘယ္အသားေရွာင္ပါမေျပာခဲ့ဘူးေပါ့။ ဆြမ္းခံရင္း အလ်ဥ္းသင့္ အဆင္ေျပသလို ဘုဥ္းေပးခဲ့တယ္။
ဆိုေတာ့...
အသားငါး အစံုစားတဲ့သူ ထားပါေတာ့။
အိုေက၊ ျပႆနာမရွိပါဘူး။ သိပၸံသေဘာအရလည္း အာဟာရဓာတ္ vitamin ေတြ အစံုရေအာင္ စားသင့္တယ္။ က်န္းမာေရးနဲ႕ညီတယ္။ ဘုရားေဟာနဲ႕လည္း ညီတယ္ပဲ ထားပါေတာ့။ ( ေတြ႕သမွ် အေကာင္ပေလာင္ အကုန္ေလွ်ာက္စားေနတဲ့ သရဲမရဲစီးေနတဲ့လူေတြမပါ)။
သတ္သတ္လြတ္စားတဲ့သူကေရာ?
အဲ့ဒါလည္း လက္ခံပါတယ္။ အသားမစားရင္လည္း ပရိုတိန္းဓာတ္ကို ပဲမ်ိဳးစံုကေန ရႏိုင္တယ္။ အသီးအရြက္ေတြကလည္း က်န္းမာေရးနဲ႕ ညီညြတ္တယ္။
အသားမစားတဲ့အတြက္ သတၱ၀ါေတြကိုလည္း မထိခိုက္ဘူး။ တိရိစၦန္ခ်စ္သူေတြဆီကေန ေထာက္ခံမႈရမယ္။ အိုေက။
ေျခေလးေခ်ာင္း ေရွာင္သူ၊ ေျခႏွစ္ေခ်ာင္း ေရွာင္သူေတြ?
သူတို႕ကိုေတာ့ က်ေနာ္ နည္းနည္း အံ့ၾသတယ္။
ဘာလုိ႕လဲေပါ့။ အသားစံုလည္း မစား၊ လံုး၀သတ္သတ္လြတ္လည္း မဟုတ္။ ေျခေလးေခ်ာင္းပဲ ေရွာင္တယ္။ why?
ကိုယ္ေရွာင္ခ်င္တာေရွာင္တာပဲေလ။ ဘာျဖစ္လဲေပါ့။
ဘာမွမျဖစ္ပါဘူး။ ေျခေလးေခ်ာင္းေရွာင္ေတာ့ ေျခႏွစ္ေခ်ာင္းကို ပိုစားမိတာေပါ့။ မဟုတ္လဲ ပင္လယ္စားေတြကေတာ့ စားေနတာပဲ။
ေျခေလးေခ်ာင္းေရွာင္ၿပီး အသီးအရြက္ကို ပိုစားတဲ့လူလို႕ေတာ့ မျမင္ပါဘူး။
ၿပီးေတာ့ ေျခေလးေခ်ာင္းကိုက်ေရွာင္ၿပီး ေျခႏွစ္ေခ်ာင္းေတြကိုက် ဘာလို႕မေရွာင္တာတုန္း။ သိပ္နားမလည္ဘူး။
ကန္႕သတ္အသား ေရွာင္တဲ့သူ?
အင္း။ ဒီေနရာမွာ တခ်ိဳ႕ဘာသာေတြက တခ်ိဳ႕အသားကို ေရွာင္တာ ရွိမယ္။ အဲ့ဒါက သူတို႕ ဘာသာေရး ထံုးတမ္း အရ၊
က်ေနာ္ေျပာခ်င္တာ သူတို႕ေတြမပါပါဘူး။ သူတို႕မွာ ရည္ရြယ္ခ်က္ အခိုင္အမာ တစ္ခုခု ရွိမွာပဲေလ။
ဘယ္လိုလူေတြကို ေျပာခ်င္တာလဲဆိုေတာ့
ဘာသာေရးအရ ေရွာင္ရတာမ်ိဳးလည္း မဟုတ္ပဲ အေၾကာင္းျပခ်က္မယ္မယ္ရရ မရွိပဲ ေရွာင္ခ်င္သလိုေရွာင္တဲ့သူေတြ။
သူတို႕ကလည္း သူတို႕ တစ္ဦးပိုင္ ယံုၾကည္မႈနဲ႕ ေရွာင္တာေတာ့ မ်ားပါတယ္။
ဥပမာ ဘယ္သူက မႀကိဳက္လို႕၊ ဘယ္၀ါက မစားခိုင္းလို႕၊ ညွီလို႕၊ စားရင္ ကံနိမ့္တယ္ထင္လို႕ စသည္။
က်ေနာ္ ကိုယ္ပိုင္အျမင္ကေတာ့ အဲ့ဒါက နည္းနည္း weird ျဖစ္တယ္လို႕ ထင္တာပဲ။
ဒါေပမယ့္ ဒါေတြ အေပၚက ေျပာခဲ့တာအကုန္လံုးက ကုိယ့္ဟာကို္ယ္ ေတြးရတာ ေၾကာင္ေတာင္ေတာင္ႏိုင္တာ
မ်က္ႏွာကို သံုးဆယ္ဒီဂရီေလာက္လႊဲမိၿပီး ဟင္ ဘယ္ႏွယ့္ေတြလဲ လို႕ ခံစားရတာေတြကို ေျပာတာေရးတာမွ်သာ ျဖစ္ပါတယ္။
စားတာ မစားတာ ေရွာင္တာ မေရွာင္တာေတြဟာ သူတို႕ရဲ႕ ခံယူခ်က္နဲ႕ ဓေလ့အရ ျဖစ္တာမို႕ ၊ ၿပီးေတာ့ တစ္ဦးခ်င္းစီရဲ႕လြတ္လပ္ခြင့္ေတြပဲမို႕
တားျမစ္စရာ ကဲ့ရဲ႕စရာလည္း မရွိပါဘူး။ သေဘာရွိ ကေလာဟိေပါ့။
လူဆိုတဲ့ အဓိပၸါယ္ကိုက diverse ျဖစ္ေနတာပဲ မဟုတ္လား။
ထားပါေတာ့ေလ။
ဥပမာ က်ေနာ္ဆိုရင္လည္း ပုရစ္ေၾကာ္ မစားဘူး။ တစ္သက္လံုး မစားဘူး။ ေစ့ေစ့ကို မၾကည့္ခ်င္ဘူးေလ။
ဘာေၾကာင့္လဲ ေမးရင္ ဘာျပန္ေျပာရမလဲ မသိဘူး။
ဒီတိုင္း မစားခ်င္လို႕ မစားဘူးပဲ ေျဖရမွာ။ ဒါ့အျပင္ ပိုၿပီး မေျဖတတ္ဘူး။
ဆိုေတာ့
အေပၚက list မွာ ပုရစ္မစားသူ ၀ါ အင္းဆက္ မစားခ်င္သူ ဆိုၿပီး ထပ္တိုးရမယ္လား။ ။
နရီမင္းထက္
၅၁၂၂၀ ည
ဘာမွမစားပဲ အသီးခ်ည္းသက္သက္စားတဲ့သူေတြလည္း ေတြ႕မိေသးတယ္
ReplyDeleteရွိမွာပါပဲ။
Delete