Left Hand Man ..................... မင်း အိပ်တဲ့အခါ ငါ့ကို နှုတ်ဆက်ခဲ့ပါလို့ ငါ ပြောချင်ပေမယ့် ငါ့မှာ တောင်းဆိုပိုင်ခွင့်မှ မရှိပဲ... ဒီတော့ ငါ နာကျင်နေလိုက်တယ်...။ မင်းနဲ့ တခြားလူရဲ့ကြားမှာ ငါဟာ ကြားညပ်နေပြီလား လို့လည်း တွေးတယ်၊ ဒီတော့ကာ ငါဟာ ဝေးရာ ပြေးထွက်သွားချင်တယ်၊ တိမ်တွေနဲ့ လမ်းကြုံလိုက်လို့ရရင် လိုက်ချင်ပါတယ် (သို့/တိမ်များ ကျနော့်ကို ဆက်သွယ်ပေးပါ။ ပါးချိုင့်လေးဟာ ငါ့ရဲ့ blackhole ဖြစ်ပါတယ်။ ငါဟာ တွင်းနက်ထဲ ပြုတ်ကျတော့မယ့် အာကာသလူ ပါ။ ဆွဲအား ဒဏ်က မလွတ်မြောက်နိုင်သူပေါ့။ တိရိစ္ဆာန်လေးတွေကို ချစ်ပါတယ်။ ခွေးစုတ်ဖွားလေးတွေကို ပါ။ အထူးသဖြင့် မင်း ညတိုင်း ပို့တတ်တဲ့ ခွေးလေးက သူ့ဖာသာ စောင်ကို လှိမ့်ပြီး ပတ်လိုက်တဲ့ gif ရုပ်ပုံလေးပေါ့။ ငါဟာ စိတ်ပုတ်တတ်သူပါ။ မင်း နဲ့ ဟိုတစ်ယောက်နဲ့ ဘယ်လိုအခြေအနေရှိမှန်း မသိပေမဲ့ သူနဲ့မင်းနဲ့ offline ဖြစ်သွားတဲ့အချိန် တူနေရင်တောင် Her ဇာတ်ကားထဲက ရေနွေးကရားလို ဆူပွက်လာမိသူပါ။ ငါဟာ ပြာဖုံးနေတဲ့မီးတောင် တစ်ခုပါ။ ဓာတ်ပုံထဲမှာ သူမဟာ ရေခဲချောင်းကို ကိုင်ပြီး ပြုံးပြေ...
Comments
Post a Comment