ရယ်သံကောက်ကောက်
ရယ်သံကောက်ကောက်
by နရီ မင်းထက် on Tuesday, September 11, 2012 at 9:26am ·
- ရယ်သံကောက်ကောက်
သူ ဆံပင်ကောက်သလို
ငါလည်း စကားလုံးတွေ ကောက်ပစ်လိုက်ချင်ပါတယ်
ကောက်ကွေ့နေသော လမ်းများပေါ်
ကောက်နေသော ကြိုးများ
ခေါက်ဆွဲခြောက်ကောက်ကောက်တွေ စားပြီး
စောင်းကောက်တစ်လက်ကို တီးပါ။
မကောက်ကောက်, ကောက်ကောက် ကောက်ရတော့မှာပဲ
ဦးကောက်ရ၏ ထိုးမုန့်လမုန့်၊
စာအုပ်တွေကို လက်နဲ့ကောက်ယူရန် မလိုပါ
မိန်းမတစ်ယောက်မက ခေါင်းခေါက် ကောက်ယူလိုပါသည်။
ကဗျာတစ်ပုဒ်လုံး ကောက်ကွေးသွားတာပဲ၊
အဲဒီ ------- ကောက်ကောက်နဲ့ လူကြီးက
ဘောပင်ကောက်ကောက်ကြီး ကိုင်ပြီး
လက်ကောက်ကောက်ကြီးနဲ့ ကဗျာတွေ ရေးသတဲ့။
အနုပညာကောက်ကောက်တွေကြားမှာ
လူချိုစိတ်ကောက်တွေဟာ ကြောက်မက်ဖွယ်ရာပဲ၊
(သူ့အကြောင်းပြောရတာတောင် လိပ်ပြာတွေကောက်တယ်)
ဒီရက်ပိုင်း . . .
သူ့မျက်နှာကောက်ကောက်ကြီးနဲ့ တွဲတွေ့ရပါတယ်(ဆိုပဲ)
ဆံပင်ကောက်ကောက်။ ။
နရီမင်းထက်
Comments
Post a Comment