ရေစိုနေတဲ့ ကျမ်းစာ
ရေစိုနေတဲ့ ကျမ်းစာ
ဒီမှာ မိုးရွာသလို
အဲ့ဒီမှာလည်း မိုးကျတယ်။
အဲ့ဒီမှာလည်း မိုးကျတယ်။
ဒီမှာ တိမ်ထူထပ်ပြီး
အဲ့ဒီမှာလည်း မိုးသားအုံ့ဆိုင်းတယ်။
အဲ့ဒီမှာလည်း မိုးသားအုံ့ဆိုင်းတယ်။
(ဒါနဲ့များ)
တစ်ယောက်နဲ့တစ်ယောက်
အာရုံညွှတ်ပုံခြင်းက ဘာလို့မတူကြရာ။
တစ်ယောက်နဲ့တစ်ယောက်
အာရုံညွှတ်ပုံခြင်းက ဘာလို့မတူကြရာ။
ဒီတစ်ခေါက် ပြန်လာရင်
မင်းနဲ့အတူစားမယ့်ဆိုင်လေးတွေ ရွေးထားတယ်၊
မပြောဖြစ်တဲ့စကားတွေပြောပြီး
မဝေးကြဖို့ အကြောင်းတွေ စောင်းတီးမလို့။
မင်းနဲ့အတူစားမယ့်ဆိုင်လေးတွေ ရွေးထားတယ်၊
မပြောဖြစ်တဲ့စကားတွေပြောပြီး
မဝေးကြဖို့ အကြောင်းတွေ စောင်းတီးမလို့။
(ဒါပေမဲ့)
ရင်ဘတ်ထဲက မုန်တိုင်းဆိုတာက
ကြိုအကြောင်းမကြားဘူး၊
အိပ်မက်ဆိုးဆိုတာက
မင်းဆိုးထားတဲ့ ဆံပင်ရွှေရောင်လွင်လွင်လေးက
ကြိုးကွင်းလို ငါ့လည်ပင်းကို တအစ်အစ် ရစ်ပတ်နေတာ။
ရင်ဘတ်ထဲက မုန်တိုင်းဆိုတာက
ကြိုအကြောင်းမကြားဘူး၊
အိပ်မက်ဆိုးဆိုတာက
မင်းဆိုးထားတဲ့ ဆံပင်ရွှေရောင်လွင်လွင်လေးက
ကြိုးကွင်းလို ငါ့လည်ပင်းကို တအစ်အစ် ရစ်ပတ်နေတာ။
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုပေးလို့ ရပါတယ်၊
အဲ့ဒါကို တက်နင်းလိုက်တော့
ငါ့ကောင်းကင်လေးမှာ ဒေါက်ဖိနပ်ရာလေး ပေသွားတယ်၊
မင်းသွားထိုင်တဲ့ အအေးဆိုင်လေးမှာ
ဘယ်လိုပုဂ္ဂိုလ်မျိုးက မိန့်ခွန်းချွေသလဲ၊
သူ့ရစ်သမ်မှာ ဘယ်လိုလီဆည်မှုမျိုးက အဖျားခတ်နေလဲ။
အဲ့ဒါကို တက်နင်းလိုက်တော့
ငါ့ကောင်းကင်လေးမှာ ဒေါက်ဖိနပ်ရာလေး ပေသွားတယ်၊
မင်းသွားထိုင်တဲ့ အအေးဆိုင်လေးမှာ
ဘယ်လိုပုဂ္ဂိုလ်မျိုးက မိန့်ခွန်းချွေသလဲ၊
သူ့ရစ်သမ်မှာ ဘယ်လိုလီဆည်မှုမျိုးက အဖျားခတ်နေလဲ။
ငါလည်း သိပ်ကောင်းတဲ့ကောင်တော့ မဟုတ်ပါဘူးလေ။
(တော်တော် မကောင်းတဲ့ကောင်ပါ)
နိုင်သူစားစတမ်းဆို ငါရှုံးခဲ့တာတွေ အများကြီး
(ဒါပေမဲ့)
တစ်ဘ၀လုံးမှာ တစ်ခုတော့ မှန်ကန်ချင်ခဲ့တာပဲ
ဘာမှမကောင်းတဲ့ကောင်မှာလည်း ကောင်းကွက်တစ်ခုတော့ ရှိချင်ခဲ့တာပဲ၊
အဲ့ဒါ မင်းလေ...
ငါ့အမှားအယွင်းတွေကြားမှာ မင်းကိုရွေးချယ်တာ မှန်ကန်ခဲ့ချင်တယ်၊
ငါ့မကောင်းမှုတွေမှာ မင်းဟာကောင်းမှုတစ်ခု ဖြစ်စေချင်တယ်။

ခုတော့လည်း...
လက်ပတ်နာရီလေးတစ်လုံးကို ငါ စူးစိုက်ကြည့်နေမိတယ်
ချွန်မြတဲ့ ရွှေရောင်လက်တံလေးတွေ...
ငါ မပတ်ရဲ
ငါ မသိလိုက်ပဲ ပတ်ထားမိတဲ့အချိန်
အဲ့ဒီလက်တံလေးတွေက ငါ့နှလုံးသားကို
ဖောက်ဝင်သွားရင် ဘယ်လိုလုပ်မလဲ...။
လက်ပတ်နာရီလေးတစ်လုံးကို ငါ စူးစိုက်ကြည့်နေမိတယ်
ချွန်မြတဲ့ ရွှေရောင်လက်တံလေးတွေ...
ငါ မပတ်ရဲ
ငါ မသိလိုက်ပဲ ပတ်ထားမိတဲ့အချိန်
အဲ့ဒီလက်တံလေးတွေက ငါ့နှလုံးသားကို
ဖောက်ဝင်သွားရင် ဘယ်လိုလုပ်မလဲ...။
အဲ့ဒီမှာ မိုးတိတ်သွားပြီလား...
အိမ်ထဲမှာ နွေးနွေးထွေးထွေး နေပါ
သံယောဇဉ်ကြိုးကို တီးခတ်ပါ
အဲ့ဒီအခါ
ငါ့နာကျင်မှုတွေက သီချင်းလုပ်ပြီး မင်းကို ဖျော်ဖြေပါ့မယ်...။ ။
အိမ်ထဲမှာ နွေးနွေးထွေးထွေး နေပါ
သံယောဇဉ်ကြိုးကို တီးခတ်ပါ
အဲ့ဒီအခါ
ငါ့နာကျင်မှုတွေက သီချင်းလုပ်ပြီး မင်းကို ဖျော်ဖြေပါ့မယ်...။ ။
နရီမင်းထက်
Comments
Post a Comment