မမျှော်လင့်ခြင်းများ
မမျှော်လင့်ခြင်းများ
စိတ်ထဲမှာတော့ သိပ်မရှိဘူး။
နောက်ကျပြီး စောသွားတယ်ပေါ့၊
အဝေးကကြည့်ပြီး လက်ခုပ်တီးရတဲ့ သံယောဇဉ်မျိုးပဲ၊
ဘယ်နှစ်ဘ၀ သက်ဆိုင်ခဲ့လဲ၊
နောက်ကျမှသိတော့
သံယောဇဉ်ဟာ ထပ်ဆုံငြိဖို့မလွယ်။
နဲနဲလေးချင်းကပ်လွဲသွားတာမျိုး၊
သိပါတယ်
တချို့အခိုးအငွေ့တွေက ကိုယ်နဲ့ မသက်ဆိုင်တတ်၊
မဖူးပွင့်ခဲ့သော လက်တံများ...
တည်ငြိမ်ခြင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာများလား...
မဖြစ်နိုင်မှန်းသိလည်း...
လေထဲ တိုက် အိမ် ဆောက်မိတာပဲ။ ။
နရီမင်းထက်
13219PM

Comments
Post a Comment