မြစ်ပျိုမ -၃

မြစ်ပျိုမ - ၃


ရွာဘုရားပွဲတွေမှာ
ကစားရလေ့ရှိတဲ့ ဂလုန်းဂလုန်း ဆိုတာ
မင်း တွေ့ဖူးလား မေးချင်တယ်။

အံစာတုံးလို အရုပ်တွေပါတဲ့ လေးထောင့်တုံးခပ်ကြီးကြီးတွေ
သေတ္တာအဖုံးမှာ တင်ထားပြီး ကြိုးနဲ့ဆွဲချ
ကိုယ်လောင်းတဲ့အကောင်မျက်နှာကျရင်
ထိုးတဲ့အဆ ပြန်အလျော်ရတာမျိုးပေါ့။

ဒါပေမယ့် တရားမ၀င်ဘူးလေ၊
လူတွေနှစ်ခြိုက်တဲ့ လောင်းကစားတစ်မျိုးပေါ့။

မြစ်ပျိုမရေ...
မင်းဟာ ငါ့ရဲ့ ဂလုန်းဂလုန်းပါပဲ၊
တစ်သံသရာလုံး ဝေး ကြ ရ မှာ ပါ . . .
ငါတို့ ရင်းနှီးမှုက အလျော်အစား ကြီးတယ်၊
ငါတို့ တည်ဆောက်ပုံက အလောင်းအစား ကွဲတယ်။

လောင်းကြေးစားကြေး မဟုတ်ဘူး၊
အမည်မဖော်ပြနိုင်သော ခံစားမှုနဲ့ ထိုးကြေး ရှိခဲ့တာပါ၊
ကြိုးကလေးကို ငါ ဆွဲချခဲ့တယ်၊
ဘာမှ ကျမလာခဲ့ပါဘူး. . . ။


နရီမင်းထက်
10417

Comments

  1. အမည်မဖော်ပြနိုင်သော ခံစားမှုနဲ့ ထိုးကြွေး ရှိခဲ့တာပါ :(

    ReplyDelete

Post a Comment

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ