Silence
နှင်းတွေကို မမြင်ရဘူး
မင်းကိုပဲ မြင်ရတယ်၊၊
သိပ်တိုတောင်းတဲ့အချိန်လည်း ဖြစ်မယ်၊၊
ရှေးရေစက်လည်း ဖြစ်မယ်၊
မင်းအဆိုအရ ဒါက ၀ဋ်ကြွေးလည်း ဖြစ်နိုင်တယ်။
သူ့အချစ်ကို မပစ်ပယ်ရက်ဘူး၊
ဒီလိုနဲ့.....
ရွေ့လျားနေရရင်  ပျော်တယ်၊
ခရီးသည်တွေလို ထိုင်နေရရင် ပျော်တယ်၊
ငါတို့ ပျော်ရွှင်မှုဟာ မှောင်နေတဲ့ကြယ်တွေလိုပဲ
တိတ်တိတ်က လေး လင်းလက်နေခဲ့တာ။
သစ်ကုလားအုတ်မ လေးရေ...
လူတွေကို ဂရုမစိုက်နဲ့
ည ည်းတွားသံတွေကို နားမ ထောင်နဲ့၊
အရပ်မြင့်သလို နှလုံးသားကိုလည်း မြင့်မြင့်ထားပါ၊
အိပ်မက် တွေ ခေါ်ဆောင်ရာနောက် လိုက်လျှောက်ပါ...
ငါတို့အတူရယ်မောခဲ့တာထက်
ပိုလှတဲ့အရာ မရှိ တော့ဘူးမို့လား...။  ။
နရီမင်းထက်
Comments
  1. ​လောကဓံဆီက တီးတိုးရယ်​သံကြားရပြန်​ပြီ၊
    တိတ်​ဆိတ်​​ကြေကွဲမှုမှာ အက်​ခိုးသံ မပါဘူးတဲ့...
    တစ်​စုံတစ်​​ယောက်​ ကိုယ့်​အ​ပေါ် လိမ်​​နေတာ၊
    တစ်​​ယောက်​​ယောက်​ရဲ့စိတ်​ထဲမှာ ကိုယ်​မရှိတာ၊
    ကိုယ်​မှာထားတာ​တွေကို အ​လေးမထားတာ၊
    အဲ့ဒီ​ဘောလုံး​လေးကို ကိုယ်​က တစ်​​ယောက်​ထဲ သိမ်းထားချင်​​ပေမယ့်
    ဖားပြုတ်​တစ်​​ကောင်​ကို အင်​တုံ​လေးထဲ အမြဲတမ်းထည့်​ထားဖို့ရာ မဖြစ်​နိုင်​ဘူး၊
    မနက်​သုံးနာရီ သူ​ပြောတဲ့စကားမှာ ကိုယ့်​အ​ကြောင်းမပါဘူး၊
    ဘာပဲဖြစ်​ဖြစ်​ ကိုယ့်​အပြစ်​​တွေပါ၊
    အချိန်​​တွေ တိုက်​စားတာ မြန်​လွန်းတယ်​လို့ အပြစ်​မ​ပြောချင်​၊
    အင်း​လေ...
    ကိုယ်​ကမှ လှလှပပ မပြုံးတတ်​ခဲ့တာပဲ၊
    မာယာသံ​တွေ တရှဲရှဲမြည်​တဲ့ ငရဲပန်းကိုမှ
    အားတုံ့အားနာ ဖြစ်​​နေမိတာပဲ။
    ကိုယ်​က​တော့ ပွဲကြည့်​သူတစ်​​ယောက်​ ဖြစ်​​နေတုန်းပဲ။
    ReplyDelete
Post a Comment
Popular posts from this blog
Left Hand Man
မြစ်ပျိုမ - ၂
ကဗျာဆရာ