Bcoz...you`r not here
Bcoz...you`r not here
(Myanmar3)
အဲဒီနေ့မှာ ဘယ်သူလာလာ ငါဂရုမစိုက်ဘူး
...
ဆိုတော့ မင်းမှမရှိတာ။
နေက အပြာရောင်ပွင့်ပြီး လမ်းက ခရာတတွတ်တွတ်မှုတ်တယ်
...
ဆိုတော့ မင်းမှမရှိတာ။
ပုံပြင် ဆိုတဲ့ စကားလုံးကို ကြိုက်တယ်
(ဖြစ်နိုင်ရင် ပုံပြင်ထဲပဲ နေချင်တယ်)
...
ဆိုတော့ မင်းမှမရှိတာ။
ည ၁၂ နာရီ ဒေါင်ဒင်မြည်တာတောင် အိပ်မရဘူး
...
ဆိုတော့ မင်းမှမရှိတာ။
လေးလံပြီး အလုပ်ကောင်းကောင်းမလုပ်တော့တဲ့ လက်တော့ဟာ ကိုယ်ပဲ
...
ဆိုတော့ မင်းမှမရှိတာ။
နတ်ဆိုးတွေရဲ့ ပုရပိုဒ်ကို ခြေထောက်နဲ့ ဖျက်ခဲ့လိုက်ပြီ
...
ဆိုတော့ မင်းမှမရှိတာ။
မီးသွေးရောင် ပွင့်တဲ့ သစ်ပင်ဆီက အဆိပ်ငွေ့တွေလည်း ရှူရှိုက်ရသေးတယ်
...
ဆိုတော့ မင်းမှမရှိတာ။
အဝလွန်နေတဲ့ သစ်အယ်သီးကြီးက တွန်းတိုက်တာလည်းခံရတယ်
...
ဆိုတော့ မင်းမှမရှိတာ။
တနင်္ဂနွေနေ့ရဲ့ ခေါင်းလောင်းသံတွေ မိုးပေါ်ပျံတဲ့အထိ
ကိုယ် စာမဖတ်တော့ဘူး
...
ဆိုတော့ မင်းမှမရှိတာ။
ကျမ်းစာရွတ်ဖတ်သံတွေ ပြီးတဲ့အထိ ဂူတစ်ဂူထဲ သွားအောင်းနေမယ်
ပိုးသတ်ဆေးလို ဝတ်စုံကြားတွေ ဝတ်ထားတဲ့လူတွေရဲ့ ရေနွေးပွက်သံတွေနဲ့ဝေးရာပေါ့၊
ပြုံးပြုံးရယ်ရယ်နေပါ
ဖြူစင်တဲ့အကြည့်နဲ့ကြည့်ပါ
ကမ္ဘာကြီးရဲ့တစ်နေရာမှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိနဲ့
ကိုယ် တစ်ယောက်ထဲ ပြုံးနေမိပေမဲ့
...
ဆိုတော့ မင်းမှမရှိတာ။ ။
နရီမင်းထက်
2819
(zawgyi)
Bcoz...you`r not here
အဲဒီေန႕မွာ ဘယ္သူလာလာ ငါဂရုမစိုက္ဘူး
...
ဆိုေတာ့ မင္းမွမရိွတာ။
ေနက အျပာေရာင္ပြင့္ၿပီး လမ္းက ခရာတတြတ္တြတ္မႈတ္တယ္
...
ဆိုေတာ့ မင္းမွမရိွတာ။
ပံုျပင္ ဆိုတဲ့ စကားလံုးကို ႀကိဳက္တယ္
(ျဖစ္ႏုိင္ရင္ ပံုျပင္ထဲပဲ ေနခ်င္တယ္)
...
ဆိုေတာ့ မင္းမွမရိွတာ။
ည ၁၂ နာရီ ေဒါင္ဒင္ျမည္တာေတာင္ အိပ္မရဘူး
...
ဆိုေတာ့ မင္းမွမရိွတာ။
ေလးလံၿပီး အလုပ္ေကာင္းေကာင္းမလုပ္ေတာ့တဲ့ လက္ေတာ့ဟာ ကိုယ္ပဲ
...
ဆိုေတာ့ မင္းမွမရိွတာ။
နတ္ဆိုးေတြရဲ႕ ပုရပိုဒ္ကို ေျခေထာက္နဲ႕ ဖ်က္ခဲ့လိုက္ၿပီ
...
ဆိုေတာ့ မင္းမွမရိွတာ။
မီးေသြးေရာင္ ပြင့္တဲ့ သစ္ပင္ဆီက အဆိပ္ေငြ႕ေတြလည္း ရွဴရိႈက္ရေသးတယ္
...
ဆိုေတာ့ မင္းမွမရိွတာ။
အ၀လြန္ေနတဲ့ သစ္အယ္သီးႀကီးက တြန္းတိုက္တာလည္းခံရတယ္
...
ဆိုေတာ့ မင္းမွမရိွတာ။
တနဂၤေႏြေန႕ရဲ႕ ေခါင္းေလာင္းသံေတြ မိုးေပၚပ်ံတဲ့အထိ
ကိုယ္ စာမဖတ္ေတာ့ဘူး
...
ဆိုေတာ့ မင္းမွမရိွတာ။
က်မ္းစာရြတ္ဖတ္သံေတြ ၿပီးတဲ့အထိ ဂူတစ္ဂူထဲ သြားေအာင္းေနမယ္
ပိုးသတ္ေဆးလို ၀တ္စံုၾကားေတြ ၀တ္ထားတဲ့လူေတြရဲ႕ ေရေႏြးပြက္သံေတြနဲ႕ေ၀းရာေပါ့၊
ၿပံဳးၿပံဳးရယ္ရယ္ေနပါ
ျဖဴစင္တဲ့အၾကည့္နဲ႕ၾကည့္ပါ
ကမၻာႀကီးရဲ႕တစ္ေနရာမွာ တစ္စံုတစ္ေယာက္ ရိွေနတယ္ဆိုတဲ့အသိနဲ႕
ကိုယ္ တစ္ေယာက္ထဲ ၿပံဳးေနမိေပမဲ့
...
ဆိုေတာ့ မင္းမွမရိွတာ။ ။
နရီမင္းထက္
2819
အဝလွန်နေတဲ့ သစ်အယ်သီးကြီး :3
ReplyDelete