Tiny Flower
Tiny Flower
................
by Nayi Min Htet
သတိရသွားပြန်ပြီ၊
Unicode
...........
Tiny Flower
................
by Nayi Min Htet
ကြာလာလေ ကဗျာရေးရတာ ခက်လာလေဖြစ်မယ်၊
တချို့ခံစားသိတွေက သက်ပြင်းအခိုးအငွေ့သက်သက်ပဲ၊
ကိုယ်ကလည်း လွမ်းဖို့ဆွေးဖို့ဆို ကံသိပ်ပါတာ၊
စိတ်ကလည်း အညှာလွယ်တော့...
တော်ရုံတန်ရုံဆို ဘယ်ပန်းရုံကိုမှ မငေးမောတော့တာ။
မပြောလည်း မိုးစက်ကလေးတွေက ကျတုန်းပဲ၊
မျက်နှာလွှဲထားတာတောင် သူ့မိုးစက်သံလေးတွေက
ခုန်ပေါက်မေးမြန်းလာတော့
အဲ့ဒီ လူကီးမီးယားရောင်အသားအရေကို
သတိရသွားပြန်ပြီ၊
ကိုယ့်စိတ်ကလည်း သိပ်ခက်ထန်တာ မဟုတ်လား၊
007 ကြည့်နေရင်း ချက်ချင်း ကဗျာထရေးလိုက်မိတာ။ ။