တကယ္မရိွတဲ့လူ
တကယ်မရှိတဲ့လူ
(Myanmar3)
အမှန်တော့
ကျနော် အစောကတည်းက ဒီဟာကို ရေးမလို့ပဲ။
ဒါပေမဲ့...
မရေးခင်မှာ သူငယ်ချင်းတစ်ယောက်ကို ဒီဇာတ်ကားအကြောင်း ပြောဖြစ်တယ်။
ပြီးတော့ မအားလပ်ဘူး။ သူငယ်ချင်းနဲ့ ဒီဇာတ်ကားအကြောင်း ပြောလိုက်တော့ နည်းနည်း စိတ်ပေါ့သွားတာလည်း ပါတာပေါ့။ ဒါနဲ့ နည်းနည်းကြာသွားတယ်။
ကျွန်တော်တို့ ဘဝတွေက full of choice, full of possibility နဲ့ မွေးဖွားလာတာလား။
ဥပမာ။
မနက် ကျနော် အိပ်ရာနိုးလာတယ်။
မနက်စာကို စားမလား မစားဘူးလား။
စားမယ်ဆိုရင် ဘာနဲ့ စားမှာလဲ။
မနက်စာမစာခင် မျက်နှာအရင်သစ်မလား မသစ်ဘူးလား။
ဒါက basic choice တွေပေါ့။ သိပ်တော့မထူးဆန်း။
အချိုးအကွေ့တွေကတော့ သိသာမှာပေါ့။
ဥပမာ final exam ရှိတာကို သွားဖြေမလား မဖြေပဲ ငါးမျှားထွက်နေမလား။
ဒါဆိုရင်တော့ Turn တစ်ခုပဲပေါ့။
ဒီတော့ ဘဝမှာ choice တွေက ပြည့်လျှံနေပြီး ခင်ဗျားရဲ့ ရွေးချယ်မှုတွေအပေါ် မူတည်ပြီး အဲဒီမှာ
လမ်းကြောင်းတွေ possibility တွေက ပြောင်းလဲသွားတော့မှာပဲပေါ့။
(တစ်ခုတော့ စိတ်မရှိပါနဲ့။ ကျနော်က ကဗျာမဟုတ်တဲ့စာတွေ ရေးတဲ့အခါ စိတ်မရှည်တတ်ဘူး။
မြန်မြန်ပြီးချင်တယ်။ ပြီးတော့ ခေါင်းထဲ ပေါ်လာတာကို တောက်လျှောက်ချရေးတာဆိုတော့လေ
ကျနော့်စာသားတွေက အလောလေးဆယ် နိုင်တတ်တယ်။ ဒီတော့ ဖတ်ရတဲ့လူလည်း rush ဖြစ်နေသလို ခံစားနေရတတ်တယ်။ အဲ့လို ဖြစ်နေခံစားနေရရင်တော့ စိတ်မရှိပါနဲ့ဗျာ။ :D)
ဆိုတော့...
စနေမနက်ခင်း တစ်ခုမှာ ကျွန်တော်ဟာ အိပ်ရာ နိုးလာတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်တော်ဟာ အိပ်ရာနိုးတာနဲ့ အိမ်သာသွား မနက်စာ အိမ်မှာစားပေါ့။ ပြီးရင် အိမ်မှာပဲ စာဖတ်လိုက် ရုပ်ရှင်ကြည့်လိုက်လုပ်နေမှာ။
ဒါပေမဲ့ ဒီစနေမနက်ခင်းမှာတော့ ကျနော်ဟာ အိပ်ရာအစောနိုးလာတယ်။ ပြီးတော့ အိမ်မှာ မနက်စာစားမယ်အစီအစဉ်ကို ပြောင်းလိုက်ပြီး အပြင်ကို ဆိုင်ကယ်တစ်စီးနဲ့ မောင်းထွက်လာခဲ့တယ်။ ဘယ်ဆိုင်မှာ စားမယ်ဘာညာ သေချာတွေးထားတာလည်း မရှိတော့ ဟိုငေးဒီငေးနဲ့ပဲ တာရိုးပေါ် တောက်လျှောက်မောင်းနေမိတယ်။ တစ်နေရာမှာ အမှတ်မထင် ပိုက်ဆံအိတ်တစ်လုံး လမ်းပေါ် ကျနေတာကို တွေ့လိုက်တယ်။ အမှန်တော့ ပုံမှန်ဆို ကျနော် ကျော်သွားမိမှာပဲ။ This is not my business ပေါ့။ ဒါပေမဲ့ လမ်းကလည်း လူရှင်းနေပြီး ကျနော်ကလည်း ရုတ်တရက ်အဲ့ထဲမှာ ဘာပါလဲ သိချင်စိတ်ဖြစ်လာတာနဲ့ ဆိုင်ကယ် ခဏရပ်ပြီး ကြည့်လိုက်မိတယ်။ မိန်းကလေး ပိုက်ဆံအိတ်ပဲ။ ဝန်ထမ်းကတ်လည်း ပါတယ်။ ပိုက်ဆံအချို့လည်း ပါတယ်။ ဒီတော့ ကျနော်လည်း တမင်ပစ်သွားတာမျိုး မဟုတ်ပဲ မတော်တဆ ကျကျန်ခဲ့မှာလို့ တွေးလိုက်မိတယ်။ ဒီတော့ အိတ်ထဲမှာ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို လှန်လှောရှာရသေးတာပေါ့။ ကံကောင်းတာက ဝန်ထမ်းကတ်မှာပဲ ဖုန်းနံပတ်တစ်ခုက ရေးထားတယ်။ အဲ့ဒီဖုန်းကို ကျနော်ဆက်ကြည့်တော့ ကံမကောင်းတာက စက်ပိတ်ထားပါသည်ပဲ ပြောနေတယ်။ ဖုန်းက မသုံးတော့တဲ့ နံပါတ်ပဲလား။ ဖုန်းအားကုန်လို့ပဲ ဖုန်းပိတ်ထားတာလား မသိဘူး။ မထူးပါဘူး ဆိုပြီး ကုမ္ပဏီကို လိုက်သွားပေးဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။
စနေနေ့ဆိုတော့ ဖွင့်ပါ့မလားတော့ မသိဘူး။ ကံကောင်းစွာနဲ့ ကုမ္ပဏီက မြို့လယ်မှာပဲ ဖွင့်ထားတယ်။
အဲဒီဝန်ထမ်းအမျိုးသမီးကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရပြီး သူက ကျေးဇူးတင်စကား အတင်းဆိုတယ်။ အိုကေ။ ရပါတယ်။ no problem ပဲ။ ကုမ္ပဏီကနေ ကျနော်ပြန်လာတော့ ဗိုက်က အတော်ဆာနေပြီဗျာ။ အဲ့ဒါနဲ့ ကုမ္ပဏီနဲ့ သိပ်မဝေးတဲ့ အနားက ရှမ်းခေါက်ဆွဲဆိုင်မှာပဲ စားနေတဲ့ အမျိုးသမီး တစ်ဦးဘေးက ဝင်ထိုင်လိုက်တယ်။ OMG! အဲ့ဒါ ကျောနော် ကိုးတန်းတုန်းက ကျူရှင်မှာ တွေ့ခဲ့ဖူးတဲ့ စုနိုင်အောင် ဖြစ်နေတာပဲ။ ကြည့်စမ်း။ သူနဲ့မတွေ့တာ ဆယ်နှစ်မကတော့ဘူး။ ခုမှ ရုတ်တရက် ပြန်တွေ့ရတာပဲ။ ကျနော်သာ မနက်အစော နိုးမနေခဲ့ရင်၊ အပြင်ကို မနက်စာစားဖို့ ထွက်မလာခဲ့ရင်၊ ပိုက်ဆံအိတ်ကို ကောက်မကြည့်ခဲ့ရင်၊ ကုမ္ပဏီကို လိုက်ပေးဖို့ မဆုံးဖြတ်ခဲ့ရင်၊ ဒီကုမ္ပဏီနားက ရှမ်းခေါက်ဆွဲဆိုင်မှာ စားဖို့ မဆုံးဖြတ်ခဲ့ရင် သူမကို ဒီတစ်သက် ဘယ်အချိန်မှာမှ ပြန်တွေ့ရလိမ့်မယ်ဆိုတာ ကျနော် မသိဘူး။ ကျနော့်ရဲ့ ရွေးချယ်ခြင်း ကြိုးတွေဟာ ကျနော့်ကို သူမဆီကို ချည်နှောင်ခေါ်ဆောင် သွားခဲ့တယ်။
အိုကေ။ ဒါတွေက နမူနာ ရေးပြတာပါ။ တကယ့်အဖြစ်မှန် မဟုတ်ပါဘူး။ ဆိုလိုတာက ကျနော်တို့ရဲ့ ဘဝတွေဟာ ရွေးချယ်စရာတွေနဲ့ ပြည့်လျှံနေပြီး အဲ့ဒီ ရွေးချယ်မှုတွေကတစ်ဆင့် လမ်းကြောင်းတွေဟာ ပြောင်းလဲစီးဆင်းသွားတယ်ဆိုတာပါ။
ခင်ဗျား အခု တစ်နေရာမှော ရာက်နေပြီး တစ်ခုခုကို လုပ်နေတယ်ဆိုလို့ ရှိရင် ဒါဟာ အတိတ်မှာ ခင်ဗျား တစ်ခုခုကို ရွေးချယ်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။
ဆိုတော့ ခင်ဗျားက ဘာကို ရွေးချယ်မှာလဲ။ ဘယ်သူ့ကို ရွေးချယ်မှာလဲ။ ဒီတော့ အနာဂတ်မှာ ဘာဖြစ်လာမှာလဲ။ ခင်ဗျားရဲ့ လုပ်ရပ်တိုင်းမှာ ကြိုးလေးတွေက ရှိနေပြီး အဲဒီကြိုးလေးတွေရဲ့အဆုံးမှာ ခေါင်းလောင်းလေးတွေဟာ လှုပ်ခါရမ်းနေလိမ့်မယ်။
Mr. Nobody ဇာတ်ကားက ဒါကို ပြောပြချင်တာပါပဲ။
ရွေးချယ်ခြင်းမှာ ပျော်ရွှင်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။
ဒါမှမဟုတ်
ဘာမှမရွေးချယ်ခြင်းဟာလည်း ရွေးချယ်ခြင်း တစ်မျိုးပါပဲလေ။
နရီမင်းထက်
17819PM
(Zawgyi)
တကယ္မရိွတဲ့လူ
အမှန်တော့
ဒါပေမဲ့...
ဥပမာ။
ဆိုတော့...
ခင်ဗျား အခု တစ်နေရာမှာေ ရာက်နေပြီး တစ်ခုခုကို လုပ်နေတယ်ဆိုလို့ ရှိရင် ဒါဟာ အတိတ်မှာ ခင်ဗျား တစ်ခုခုကို ရွေးချယ်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒါမှမဟုတ်
နရီမင်းထက်