Lily
Lily
---
အဲဒီ ပန်းဖြူဖြူလေးက ချေချေမိုးမိုးပါပဲ
ကိုယ့်မှာသာ လေဟုန်စီးပြီး ငေးရတယ်။
မထိခလုတ်ထိခလုတ်
မျက်မှောင်ကုတ်ပြီး သူ့ဂါထာကို ရွတ်သေးတယ်
စကားလုံးတွေလည်း တသဲသဲ ရယ်ပါလေရော။
ကျောင်းတော်က စာသားတွေ သူတပွားပွား ကြိမ်းဆို ကျင့်ကြံ
ဘယ်သံသရာမှာ ပတ်သက်မိခဲ့လဲ တွေးမိတယ်။
ဘာမှမဟုတ်ပါဘူး
ပွင့်ဖတ်ကလေးပါ
မြွေဖြူကလေးပါ
.....
ကိုယ် ထွက်ခွာခဲ့တာတောင်
လှည့်မကြည့်တတ်တဲ့
ဘူတာရုံကလေးပေါ့။ ။
နရီမင်းထက်
20618
---
အဲဒီ ပန်းဖြူဖြူလေးက ချေချေမိုးမိုးပါပဲ
ကိုယ့်မှာသာ လေဟုန်စီးပြီး ငေးရတယ်။
မထိခလုတ်ထိခလုတ်
မျက်မှောင်ကုတ်ပြီး သူ့ဂါထာကို ရွတ်သေးတယ်
စကားလုံးတွေလည်း တသဲသဲ ရယ်ပါလေရော။
ကျောင်းတော်က စာသားတွေ သူတပွားပွား ကြိမ်းဆို ကျင့်ကြံ
ဘယ်သံသရာမှာ ပတ်သက်မိခဲ့လဲ တွေးမိတယ်။
ဘာမှမဟုတ်ပါဘူး
ပွင့်ဖတ်ကလေးပါ
မြွေဖြူကလေးပါ
.....
ကိုယ် ထွက်ခွာခဲ့တာတောင်
လှည့်မကြည့်တတ်တဲ့
ဘူတာရုံကလေးပေါ့။ ။
နရီမင်းထက်
20618
Comments
Post a Comment